အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူနေ အဆောက်အအုံ ၁၅၀ ကျော်လောက် ပျက်စီးခဲ့ရကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်အထိ တစ်နှစ်တာကာလအတွင်းမှာ စစ်ကောင်စီ လေကြောင်းပစ်ခတ်တာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အဆောက်အအုံ ၁၅၃ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့  AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အအုံတွေကတော့ ဆေးရုံ ၁၂ လုံး၊ စာသင်ကျောင်း ၃၀ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၇၀ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ဗလီ ၂ လုံး၊ ဈေး ၂၁ ခုနဲ့ ဌာနဆိုင်ရာအဆောက်အအုံ ၁၇ ခုတို့ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ဆင်ရေး တစ်နှစ်တာကာလအတွင်း ရခိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ မိုင်းခွဲဖျက်ဆီးတာတွေကြောင့် တံတားအစင်းရေ ၂၈ စင်းအထိ ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးရမှုများ (ဓာတ်ပုံ AA Info Desk)

မောင်တောမြို့နယ်က တံတား ၉ စင်း၊ သံတွဲမြို့နယ်က တံတား ၇ စင်း၊ တောင်ကုတ်မြို့နယ်က တံတား ၅ စင်း၊ ဘူးသီးတောင်မြို့နယ်က တံတား ၂ စင်း၊ စစ်တွေ မင်းချောင်းတံတား၊ ကျောက်တော်က ကစ္ဆပနီဒီတံတား၊ မအီမြို့က ကျောက်ကြီးပေါက်ချောင်းတံတား၊ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်း စေတီပြင်တံတားနဲ့ ဂွမြို့နယ်က ကုလားပြင်တံတားတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က စစ်ဆင်ရေး တစ်နှစ်ပြည့်မြောက်ချိန်မှာ AA  က အခုလို ထုတ်ပြန်လာတာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေဟာ ရခိုင်ပြည်နယ် အနှံ့အပြားမှာ ဖြစ်ပွားခဲ့တာပါ။

အထူးသဖြင့် စစ်တပ်ဟာ အရပ်သားလူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွေ ပါဝင်ပြီး ထိခိုက်သေဆုံးခဲ့ရမှုတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးရမှုများ (ဓာတ်ပုံ AA Info Desk)

အာရက္ခတပ်တော်ရဲ့ တစ်နှစ်တာထိုးစစ်ဆင်မှုတွေအအတွင်း စစ်ကောင်စီ စစ်စခန်းပေါင်းများစွာကို သိမ်းပိုက်ပြီးနောက် ပလက်ဝမြို့အပါအဝင် စုစုပေါင်း မြို့ ၁၂ မြို့ကို AA က အပြီးသတ်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း အာရက္ခတပ်တော် AA က ရခိုင်ပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းက မြို့ပေါင်း ၅မြို့ထက်မနည်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်နေပြီး မကြာခင် ရခိုင်ပြည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံး၀ ချုပ်ငြိမ်းရမယ်လို့ စစ်ရေး တစ်နှစ်ပြည့် အစီရင်ခံစာမှာ AA က ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ကမ္မ-ပေါက်လမ်းပိုင်းရှိ ဆေးခန်း ၁ခု လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသား၂ ဦး ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့က ဆေးပေးခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့(မေ ၁၈) မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား၂ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အညာ​မြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၃)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မင်းလှမြို့နယ်က ဒေသခံထောင်ချီ စစ်ရှောင် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုတပ်စွဲနေတဲ့ မဒေါက်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲနေထိုင်တဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ယူပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်အာဏာသိမ်းမှု (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အနောက်ပိုင်းခရိုင် (ရန်ကုန်တိုင်း) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။