စစ်ကိုင်းတိုင်း မြင်းမြို့နယ် အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၁၃ ရက် မနေနံနက်အစောပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DK PDF အဖွဲ့ထံက သိရပါတယ်။

အထိုင်စခန်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီး နင်းဖို့ ကြိုးစားခဲ့ပေမယ့် အကြမ်းဖက်စစ်သားတွေဘက်မှ အမြင့်ကနေ စက်လက်နဲ့ ပစ်ခတ်ပြီး လက်နက်ကြီး ပစ်ကူပေးကာ မြင်းမူမြို့နယ် အထက (၁) ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ စစ်ကူရောက်လာတဲ့အတွက် ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  Dog Killers People’s Defence Force Myinmu(DK-PDF MMU)၊ Moe Nyo Revolution Force (M.N.R.F.​) မြင်းမူမြု့နယ် ပ.က.ဖ.၊ ဇေယျာရွှေမြေနဲ့ မြင်းမူမြို့နယ် အနောက်ခြမ်း ပ.က.ဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွာမီးရှို့ပြီး ပြန်လာသည့် စစ်တပ်ယာဉ်တန်းကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဗလဘကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယာဉ် ၄ စီးကို ဧပြီ ၂၄ ရက် ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အိုးတိန်တွင်းရွာ ကလေးငယ်များအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်ကျောင်းသား၊ ကျောင်းသူများအတွက် အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ကချင်၊ စစ်ကိုင်းအစပ် ဆယ်ဇင်းဒေသက ဆိုင်ပန်ကုန်းတပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းဒေသက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့  ဆိုင်ပန်ကုန်းတပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
Read More

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၂ ရက် ဝင်ရောက်တိုက်ခိုက်မှု စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force - YPPDF ထံက သိရပါတယ်။
Read More

နွားခြံကုန်းနဲ့ အင်းကြီးရွာကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့မှ နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိပြီး အများအပြားသေဆုံးခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။