စစ်ကိုင်းတိုင်း မြင်းမြို့နယ် အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၁၃ ရက် မနေနံနက်အစောပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DK PDF အဖွဲ့ထံက သိရပါတယ်။

အထိုင်စခန်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီး နင်းဖို့ ကြိုးစားခဲ့ပေမယ့် အကြမ်းဖက်စစ်သားတွေဘက်မှ အမြင့်ကနေ စက်လက်နဲ့ ပစ်ခတ်ပြီး လက်နက်ကြီး ပစ်ကူပေးကာ မြင်းမူမြို့နယ် အထက (၁) ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ စစ်ကူရောက်လာတဲ့အတွက် ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  Dog Killers People’s Defence Force Myinmu(DK-PDF MMU)၊ Moe Nyo Revolution Force (M.N.R.F.​) မြင်းမူမြု့နယ် ပ.က.ဖ.၊ ဇေယျာရွှေမြေနဲ့ မြင်းမူမြို့နယ် အနောက်ခြမ်း ပ.က.ဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ် (ရုပ်/သံ)

မန္တလေးမြို့မှာ ယနေ့ မတ်လ ၅ ရက်ညပိုင်းမှာ လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းသွား တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာ မီးလောင်မှု ဖြစ်ပွား၊ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ မတ်လ ၁၂ ရက် မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

Yawland Operation အဖြစ် ၉ ရက်ကြာ စစ်ကော်မရှင်တပ်ကို တိုက်ခိုက် ချေမှုန်းခဲ့သည့် မှတ်တမ်းရုပ်သံ

Yawland Operation အဖြစ် ဂန့်ဂေါခရိုင်ထဲက  အကြမ်းဖက်စစ်တပ်စခန်း၊ ပျူစခန်းနဲ့ စစ်ကြောင်း တွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ပဲခူးအနောက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်းအနာက်ခြမ်း အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ မနေ့က အောက်တိုဘာ ၂၃ ရက်  မနက်အစောပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရိက္ခာထုပ်ကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာ‌ကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ တော်လှန်ရေးတပ်တွေ ဘုတလင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် သီဟမောင် ကျဆုံးခဲ့ရပါတယ်။ ‌ကျဆုံးရဲဘော် သီဟမောင်ရဲ့ နာရေးစျာပနရုပ်သံကို Union Liberation Front - ULF မှ ထုတ်ပြန်ထားပါတယ်။