မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

နိုဝင်ဘာ ၁၁ရက်နေ့ကစလို့ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာနဲ့ အနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက မြေပြင်စစ်အင်အားဖြည့်တင်းတာတွေအပြင် လေကြောင်းကနေပါ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့ ညပိုင်းမှာပဲ စစ်ကောင်စီရဲ့ မိတ္ထီလာ ရှမ်းတဲ လေဆိပ်တက် ဂျက်ဖိုက်တာတွေက ကွမ်းစိုက်ရွာ၊ ကူရွာနဲ့ ခြေဆေးရွာတို့ကို ဗုံးအလုံးရေ ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗုံးကြဲခံခဲ့ရတဲ့ ကူရွာအတွင်းက အရပ်သားနေအိမ်တွေကိုလည်း စစ်အုပ်စုတွေ မွှေနှောက်ခိုးယူခဲ့ကြောင်းနဲ့ အရပ်သား၁ယောက်ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြလာပါတယ်။

“လက်ရှိမှာ ကွမ်းစိုက်ရွာကို ကျနော်တို့တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးထားရပါတယ်။ ပထမရှိနေတဲ့အင်အားမပြောနဲ့ နောက်ထပ် မိတ္ထီလာကနေ ကူဖို့လာတဲ့ အင်အားတင် ၃၀၀အထက်မှာရှိပါတယ်။ အခြားဘက်ကနေ လာတာတွေလည်းရှိပါတယ်။ ၃ရက်တာတိုက်ပွဲမှာ ကျနော်တို့ဘက်က ရဲဘော်၁ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို စစ်ကောင်စီဘက်က ၃ယောက်သေပါတယ်။ ဒဏ်ရာရတဲ့ ပျူ၂ယောက်လည်း မိတ္ထီလာမှာဆေးသွားကုနေတယ်လို့ သိရတယ်။ အခြားထိခိုက်သေဆုံးမှု အသေးစိတ်တော့ မသိရသေးပါဘူး” လို့ ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

၃ရက်တာထိတွေ့တိုက်ပွဲဲတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားရာ ကွမ်းစိုက်၊ ကူရွာ၊ ခြေဆေးစတဲ့ ကျေးရွာတွေက အရပ်သားထောင်နဲ့ချီဟာ ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၂ရက် မနက်ပိုင်းက မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်၊ တောင်သာ-မိတ္ထီလာလမ်းပိုင်းက ရုံးစည်ကြီးရဲစခန်းကို တော်လှန်ရေးတပ်တွေဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။

အဲ့ဒီနောက်စစ်ကောင်စီက ဇဂျမ်းရွာအုပ်စုထဲက ကျောင်းအိုရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနေအိမ် ၂လုံးပျက်စီးပြီး နွား၁ကောင်သေတယ်လို့သိရပါတယ်။

အလားတူ နိုဝင်ဘာ ၁၃ရက် မနေ့ကမနက်အစောပိုင်းမှာလည်း မြို့သာကို သွားမယ့် စစ်အုပ်စုကားတန်းကို တော်လှန်ရေးတပ်တွေက ငါန်းဇွန်မြို့နယ် ၊ ထွန်းသာရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီးလုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သဩဂုတ်လကစပြီး မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေ၊ ရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး ( MDSO) အမည်နဲ့ စစ်ရေးဖော်​ဆောင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ဆက်တိုက်ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကိုးပင်-သာဂရလမ်းပိုင်းတွင် ဂိတ်အချိန်းအပြောင်းလုပ်သည့် စစ်သားများ မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအပါ ၈ ဦး သေပြီး ၁၁ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က ကိုးပင်-သာဂရလမ်းပိုင်းမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြိုမိုင်းဆွဲခံရပြီး ဗိုလ်ကြီးအဆင့်ရှိအပါ ၈ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၁ယောက်အထိရှိခဲ့ကြောင်း ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဥတ္တူကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ဝတုတ်၊ ဝက်ငယ်နှင့် ဥတ္တူ တို့၏ စျာပန

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၁၈ နှစ်အရွယ် ရဲဘော် ၂ ယောက်နဲ့ အသက် ၃၀ အရွယ် ရဲဘော်တို့ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကျအဆုံးများစွာ ရင်ဆိုင်နေရသည့် စစ်တပ် ပြည်သူကို ပိုမို ဦးတည်တိုက်ခိုက်လာဟု AA ပြော၊ ပြည်သူများ စစ်ရေးသတိ အမြဲရှိနေကြဖို့ တိုက်တွန်း

မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေ စစ်ရေးသတိ အပြည့်အဝနဲ့ သတိထားနေထိုင်ကြဖို့ အာရက္ခတပ်တော် AA ထုတ်ပြန်ပါတယ်။
Read More

အပြစ်မဲ့ အရပ်သား (၂) ဦးကို ARSA သတ်ဖြတ်ခဲ့ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် ARSA အကြမ်းဖက်အဖွဲ့က ခရီးသွားပြည်သူလူထုကို ခြုံခိုတိုက်ခိုက်ပြီး အကြမ်းဖက်သတ်ဖြတ်ကာ ဖမ်းဆီးခေါ်ဆောင်သွား တာတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာနှင့် ကျောက်ပန်းတောင်းတွင် ၂ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ရဲတပ်ကြပ်အပါ ၅ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်ကြားဖြတ်တိုက်ခိုက်ရာ စ​စ်သားအလောင်း ၅လောင်း၊ သုံ့ပန်း၂ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Popa Guerilla Force(PGF) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC မှာ တင်ပြထားမှုဟာ တော်လှန်ရေးအတွက် အားတက်စရာလို့ NUG ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ အားတက်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။