အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာအမှတ် (၈၁) – ယောဗျူဟာကို ဒုတိယအကြိမ်အဖြစ် လက်နက်တွေ တပ်ဆင်ပေးတဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ယောနယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နွေဦးညီနောင်သိန်းသုံးထောင် ကမ်ပိန်းကရရှိတဲ့ ရံပုံငွေနဲ့ ဝယ်ယူထားတဲ့ ပထမအသုတ် ကျည်ကာဦးထုပ်တွေကိုလည်း ရှေ့တန်းရဲဘော်တွေဆီ ဖြန့်ဝေပေးပြီးဖြစ်တယ်လို့ ဗျူဟာအမှတ် (၈၁)-ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။