ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲခြင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူပိုင် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက် သေဆုံးကာ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU က ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း  နိုဝင်ဘာလ (၁၃) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ကျောက်ကုန်းကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၁) လုံး ထိခိုက်ပျက်စီးပြီး  (၈)နှစ်နဲ့ (၆)လအရွယ် ကလေး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထိခိုက် ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)
အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထိခိုက် ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

နိုဝင်ဘာလ (၁၂) ရက် ညပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ် ပိန်းဇလုပ်အခြေစိုက်ခလရ – ၂၆၄ တပ်ရင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဝမ်းချဲကျေးရွာမှာ (၁)လုံး၊ မက်စလီကုန်း ကျေးရွာမှာ (၁)လုံးနဲ့ ကျောင်းကုန်း ကျေးရွာဘေးကို (၁)လုံး စုစုပေါင်း (၃)လုံးကျရောက် ပေါက်ကွဲခဲ့ပြီးနောက် အဲ့ဒီတပ်ရင်းက ဒရုန်းဗုံးသီး (၂)လုံး ထပ်မံကြဲချခဲ့ရာ ကညှင်ကြိုး ကျေးရွာ ချိန်းကြောင်း တံတားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မူးမြို့နယ်အတွင်း နိုဝင်ဘာလ (၁၂) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်  ခမရ-၄၃၉ တပ်ရင်းက ဒရုန်းနဲ့ မျက်နီကွင်းကျေးရွာတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၂၀) အရွယ် မိန်းကလေးငယ် ထိခိုက်သေဆုံးခဲ့ပြီး (၆၀)နှစ် အရွယ် ဒေသခံ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁)လုံး လည်း ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထိခိုက် ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)
အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထိခိုက် ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

နိုဝင်ဘာလ (၁၁) ရက် မနက်ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီ ပူးပေါင်း တပ်ဖွဲ့က (၁၂၀) မမ လက်နက်ကြီး (၂)လုံးပစ်ခတ်ခဲ့ရာ ထွနီကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲ ခဲ့တာကြောင့် ကျေးရွာနေ (၃၈)နှစ် အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၏ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၄) ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနား

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း၊ အပါတ်စဥ်(၄)  ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် မနေ့က အညာဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံတွင် စစ်ကောင်စီတပ်ကို MBT မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားများနှင့် ပြည်သူများ ရောထွေးနေမှုကြောင့် မစ်ရှင် ၂ ခု ဖျက်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ စစ်ရေးမစ်ရှင် ၃ခု ဖော်ဆောင်ဖို့ကြိုးစားခဲ့ပေမယ့် အရပ်သားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ရောထွေးစကားပြောဆိုမှုတွေ ရှိနေတာကြောင့် မိုင်းဆွဲမစ်ရှင်တစ်ခုသာ သေချာလုပ်ဆောင်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းတက္ကသိုလ်ဝန်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ တပ်ကူလာတဲ့စစ်သားတွေ တိုက်ခိုက်ခံရပြီး အယောက်၂၀ နီးပါး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တက္ကသိုလ်ဝန်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ်ဂိတ်နဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားအယောက် ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ SAGAING PDF ထံက သိရပါတယ်။
Read More

မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင် နယူးယောက်မှာ ရုံတင်ပြသမယ်

တော်လှန်အနုပညာရှင် မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုပ်တင်ပြသတော့မှာဖြစ်ပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက်သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက် KNDF ထံ လက်နက်နဲ့ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။