ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဥသျှစ်ပင်မြို့လမ်းဆုံမှာ ဆိုင်ကယ်စစ်ဆေးတယ်လို့ အကြောင်းပြပြီး နိုဝင်ဘာ ၁၁ ရက် တစ်ရက်တည်းမှာ အရပ်သား ၂၅ ယောက်ထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အသက်မပြည့်သူတွေလည်း ပါဝင်ပြီး မိသားစုက ငွေနဲ့ လိုက်လံထုတ်ယူနေရသလို အများစုကတော့ အခုအချိန်ထိ ပြန်လွတ်မလာသေးဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်း မြို့ရွာအများစုမှာ စစ်မှုထမ်းဖို့အတွက် တပ်သားသစ်တွေကို နည်းမျိုးစုံနဲ့ စုဆောင်းနေပြီး မလိုက်ချင်တဲ့ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ တပ်ရင်းတစ်ခုလုံးနီးပါး ပူးပေါင်းခဲ့တဲ့ ရေဦး PDF အိမ်ပြန်ရောက်ပြီ

ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ မနေ့က ညနေပိုင်းမှာ မိခင်တပ်ရင်းရှိရာ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိပြီလို့ သိရပါတယ်။
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိတ္တီလာမှာ ရဲကင်းကို ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ရဲ ၃ ယောက်သေပြီး ၅ ယောက် ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးက စစ်ကောင်စီရဲ့ ရဲကင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ယောက် သေပြီး ၅ ယောက့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထီလာပြည်သူ့ ကာကွယ်​ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းလမ်းနဲ့ ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်း​ဘေးက ရဲကင်းကို စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်းက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဝ နှင့် စစ်ကောင်စီ ပူးပေါင်းထိန်းချုပ်ထားသည့် မိုင်းဆတ်မြို့နယ်မှာ မြေရှားသတ္တု တူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းဆတ်မြို့အနီးမှာ မြေရှားသတ္တုတူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

CRPH ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဗကသများအဖွဲ့ချုပ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။