အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ကြဲချခဲ့ပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ဗုံးသီးဟာ ပြည်သူတွေနဲ့ နီးစပ်တဲ့နေရာမှာ ရှိနေတာကြောင့် P 29909 – Southern Eagle PDF တပ်ရင်း၊ တပ်ခွဲ (၃) (Tiger Dragon Revolution Force) တပ်ဖွဲ့က သွားရောက်တူးဖော် ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဗုံးသီးဟာ ပေါင် ၇၀၀ အလေးချိန်ရှိပြီး ပေါက်ကွဲအားပြင်းထန်ရုံမက မီးလောင်ရည်ခန့်မှန်းပမာဏ ၅ ဂါလံခန့် ရှိတယ်လို့ သိရပါတယ်။