ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကြောင်းကြောင့် အရပ်သားတွေနေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇာမင်းက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က စလို့ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်ထဲက ကျေးရွာတွေဆီ စစ်​ကြောင်းထိုးဝင်ရောက်ရင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေရှိခဲ့ကာ အရပ်သားတွေထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၃ရက်နေ့ကလည်း ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ကင်းလှည့်နေတုန်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်​ရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၂ရက်၊ မနေ့က မနက်အစောပိုင်းမှာလည်း ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည် တမံ ၁ တိုက်ပြာနဲ့ သစ်လုံးဆောင်ကြား စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှု ခံလိုက်ရတဲ့ စစ်ကောင်စီတပ်က ဘော်ဘင်ဆည် တမံ ၂ဘက်ဆီ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်ရင်းနဲ့ပဲ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကိုတေဇမင်းက ပြောပါတယ်။

BTZM GBK PDF ၏ ထုတ်ပြန်ကြေညာချက်

လက်ရှိမှာ ၃ပတ်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြောင့် ကြို့ပင်ကောက်မြို့နယ်ထဲက ရွာပေါင်း ၈ရွာထက်မနည်းဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

“ပြီးခဲ့တဲ့​အောက်တိုဘာ ၂၄ကတည်းကတောက်လျှောက် စစ်ကြောင်းထိုးနေတာ။ အင်အားက ၂၀၀ နီးပါးပါတယ်လို့ သိရတယ်။ ရိုးမကိုအပြတ်ချေမှူန်းမယ်လို့လည်း သိရတယ်ပေါ့။ သင်္ခရိုင်ရွာနဲ့ ဆည်တော်ဦးရွာဆိုရင် အခုချိန်ထိ နေရပ်မပြန်ရသေးပါဘူး။ အရပ်သားပြည်သူတွေကတော့ ဆုံးရှူံးမှုများတယ် ပြောရမယ်။ စစ်ကြောင်းက နေအိမ်တွေကို မွှေနှောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းမှန်သမျှ အကုန်ယူကြတယ်။ ပြည်သူတွေ အိမ်ပြန်ရောက်ရင်တောင် ဘယ်လိုအစကပြန်စရမယ် မသိလောက်ဘူး။ ကျနော်တို့တပ်ဖွဲ့တွေကတော့ တိုက်ပွဲကြားမှာ သုံးရတဲ့ခဲယမ်း လက်နက်တွေကလွဲလို့ ဘာမှမရှိပါဘူး။ ခဲယမ်းအင်အား ဖြည့်တင်းဖို့တော့ လိုအပ်နေပါတယ်။” လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇာမင်းက မောင်းကိုပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်နည်းတူ မနေ့က (နိုဝင်ဘာ ၁၂) ထိတွေ့မှုဖြစ်ခဲ့တဲ့ ဇီးကုန်းမြို့နယ်ထဲက ကျေးရွာတချို့လည်း စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

“ဇီးကုန်းမြို့ရဲ့ ၃ပုံ၂ပုံက ကြံ့ဖွတ်နဲ့ စစ်တပ်ထောက်ခံသူတွေ အများဆုံးလို့ပြောရပါမယ်။ တိုက်ပွဲတွေဖြစ်နေလို့အခုချိန်ကာလမှာ အရပ်သားပြည်သူတွေအနေနဲ့ စကစဘေးမှာ ရှိမနေသင့်ပါဘူး။ စကစနဲ့ လွတ်ရာမှာ နေထိုင်ကြဖို့ကိုပဲ ထပ်မံပန်ကြားချင်ပါတယ်” လို့ ကိုတေဇာမင်းက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဟုမ္မလင်းအခြေစိုက် ခမရ (၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်အခြေစိုက် ခမရ(၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ Earthquake People’s Defence  Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၃၄၀၀ ကျော်သွားပြီဟု စစ်ကောင်စီ ထုတ်ပြန်

ဆိုးရွားပြင်းထန်တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း ဧပြီလ ၅ ရက်နေ့အထိ စာရင်းတွေအရ သေဆုံးသူ ၃၄၅၅ ယောက်အထိ ရှိလာပြီဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်မှာ အပစ်ရပ် ကြေညာထားသည်ဆိုသည့် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံး…

ကရင်နီပြည်၊ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကြားက ပီကင်းကောခူကျေးရွာမှာ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဧပြီလ ၅ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းနီအမျိုးသားတပ် SNA တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တပ်မဟာ (၆၁၄) က တပ်သားတစ်ယောက် လက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့ People’s Defence Force Katha District B - 04 ဆီက သိရပါတယ်။