မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာမှာ စစ်ကောင်စီတပ်သား ၁ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိထားတယ်လို့ Young Force UG က သတင်းထုတ်ပြန်လာပါတယ်။

မနေ့က နိုဝင်ဘာ ၁၁ ရက်နေ့မှာ အဲဒီစစ်ကောင်စီတပ်သားဟာ သူတို့ တပ်စွဲထားတဲ့ ဆင်မင်းဂိတ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေကို လမ်းမှား ဝင်ရောက်လာတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူ တစ်ယောက်တည်း ထွက်လာတုန်း ဖမ်းမိတာပါ။ သူတို့ ဂိတ်ကနေ နဲနဲဝေးဝေး ထွက်လာတုန်းပေါ့။ လမ်းမှားဆို ကျနော်တို့ ကင်းနဲ့ တွေ့တာပေါ့။ ရောက်တာလည်း မကြာသေးတော့ နယ်မြေ မကျွမ်းတာပေါ့” လို့ Young Force UG က တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ Young Force UG)

အဲဒီစစ်သားထံက ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည် ၄၅ တောင့်၊ ကျည်ကာဝတ်စုံ ၁ ထည်၊ ဦးထုပ် ၁ လုံးနဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလှုပ်ရှားမှုကို Pakokku People Defense Force (PPDF) နဲ့ Young Force U.G တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ စစ်သားကိုတော့ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။
Read More

ပေါက်တွင် အသေခံဒရုန်းများအသုံးပြုပြီး စစ်ကြောင်းထိုးနေသည့်စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အသေခံဒရုန်းတွေအသုံးပြုပြီးစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း မြိုင်ပကဖ ထံက သိရပါတယ်။ ဒီဇင်ဘာလ ၉ရက်နေ့ကစလို့ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ရင်း တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတာပါ။
Read More

ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်း ၃ကြောင်းခွဲပြီး ဝင်လာသည့် စစ်အုပ်စု ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ယောက်အပါ ဒေသခံ (၃) ယောက် သေဆုံး၊ (၁၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄)မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ယောက်အပါအဝင် ဒေသခံ (၃) ယောက် သေဆုံးပြီး (၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

DMO Local PDF နဲ့ ကလလတ တို့ ရပ်မိရပ်ဖတွေနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမောဆို (DMO Local PDF) တပ်ဖွဲ့နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF (ကလလတ) တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။