မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်အုပ်စုတွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ယောက် ဗိုက်ပွင့်သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရ​ကြောင်း ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၁၀ရက်၊ မနက်ပိုင်းက ရေစကြိုမြို့နယ် အမှတ်(၇) ၅၀၀ ပြည့်ရပ်ကွက်မှာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် ပြင်ဆင်နေတဲ့ အကြမ်းဖက်စစ်သား ၅၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ၁၅ မိနစ်ကြာ နှစ်ဖက်အပြန်လှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေစကြို ပကဖက ထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲတွေရှိနေသလို စစ်တပ် နယ်မြေစိုးမိုးမှု ဘယ်လောက်မှ မကျန်တော့တဲ့ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေတွေအနေနဲ့  သန်းခေါင်စာရင်းကောက်ယူရာမှာ ထိတ်လန့်ကြောက်ရွံနေကြောင်းလည်း သိရပါတယ်။

“မအလရဲ့ ကျွန်ရူးတွေ အမှတ် ၁ ရပ်ကွက်မှာ သန်းခေါင်စာရင်းကောက်တာ အချက်အလက်ပါရင်ပြီးရော မှားလည်းဘာမှမဖြစ်ဘူးဆိုတဲ့ ​ပြီးစလွယ် ပုံစံနဲ့ ကောက်တာ။ ထိတ်ထိတ်ပြာပြာဖြစ်နေကြတယ်” လို့လည်း ရေစကြို သတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သန်းခေါင်စာရင်းကောက်ဖို့ကြိုးစားတဲ့စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး နောက်တစ်နေ့ (နိုဝင်ဘာ ၁၁ရက်) နေ့လယ်ပိုင်းမှာလည်း ရေစကြို ရုံးပေါင်းစုံဝန်းထဲ တပ်စွဲနေတဲ့ စစ်အုပ်စုတွေက အရပ်သားကျေးရွာတွေဆီ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက ညောင်ဇောက်ကျေးရွာကို ကျရောက်ပေါက်ကွဲပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ယောက် သေဆုံးကာ အရပ်သား၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

“သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ တိုက်ခိုက်ခံရလို့လည်း ဖြစ်နိုင်သလို သူတို့ဘာသာ သောက်စား မူးရူးပြီးရင်လည်း အရပ်သားတွေဆီ အခုလို​ပစ်နေကျပါပဲ ” လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေကလည်း ရေစကြို၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာက အကြမ်းဖက်စစ်အုပ်စု ပျူစောထီးတွေရဲ့ ပစ္စည်းလုမီးရှို့မှုတွေကြောင့် နေရင်းရွာက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

ဆီးရီးယားလိုပဲ မြန်မာပြည်သူတွေ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NUG ယာယီသမ္မတ ပြော၊ “လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ ရေသာခိုလို့ မရဘူး” ဟု ဆို

ဆီးရီးယားနိုင်ငံမှာ အာဏာရှင်သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံခဲ့သလို မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင် စစ်ကောင်စီကို ပြည်သူတွေ ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ၃၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။​
Read More

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကင်း မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးနှင့် ဒုတပ်ကြပ် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်က ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ခိုင်မာဖို့ လိုအပ်ကြောင်း ချင်းညီနောင် တစ်နှစ်ပြည့်အခမ်းအနားမှာ NUG ယာယီသမ္မတ ပြောကြား

စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ခိုင်မာ အားကောင်းနေဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော်သွားပြီ၊ လစဉ် လူဦးရေ ၅၀ လောက် ဖမ်းဆီးခံနေရ

စစ်အာဏာသိမ်း (၃)နှစ်ကျော်အတွင်း လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမိလို့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ နိုင်ငံတဝန်းမှာ ၁၈၀၀ ကျော်သွားပြီလို့ Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

အခန်းငှါးစားနေတဲ့ ကလေးအကျဉ်းထောင်နှင့် ကိုယ့်စရိတ်နဲ့ကိုယ် အကျဉ်းကျခံရသူများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းခန်းခတွေ တောင်းယူပြီး စီးပွားရေးဆန်ဆန်နဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

မွန်တော်လှန်ရေးတပ်များ ပါဝင်သည့် ရာမညပူးတွဲစစ်ကြောင်း ရုတ်သိမ်းထား

မွန်လက်ကိုင်တော်လှန်ရေး ၄ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းဟာ ၄လ သက်တမ်းကုန်ပြီးတဲ့နောက် ပူးတွဲစစ်ကြောင်းကို ခေတ္တ ရုတ်သိမ်းထားတယ်လို့ မွန်တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။