မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာလမ်းပေါ်မှာရှိတဲ့ ရုံးစဉ်ကြီးရဲစခန်းကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ ထံက သိရပါတယ်။
ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းနဲ့တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ပေမယ့် စခန်းသိမ်းနိုင်ခြင်းတော့ မရှိခဲ့ဘဲ ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါခဲ့ကြပါတယ်။
တိုက်ပွဲမှာ ရဲ ၂ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးမှာ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Myingyan Disctric Drone Strike၊ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထိီလာပကဖ၊ စဉ့်ကိုင်ပကဖ၊ ကျောက်ပန်းတောင်း ပကဖ၊ တောင်သာပလဖနဲ့ ညောင်ဦးခရိုင်တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။