မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ရှမ်းတဲလေတပ်စခန်းကို နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက ၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးအဖြစ် ဒရုန်း ၂၄ စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ Meiktila Revolution Force အဖွဲ့ထံက သိရပါတယ်။

ဒရုန်းတွေကို လကသ အရာရှိအိမ်ရာ (လေကြောင်းအတတ်သင်)၊ ခဲယမ်းသိုလှောင်ရုံ၊ လထခ အရာရှိရိပ်သာ (လေကြောင်းထုတ်လုပ်)နဲ့ တပ်မ (၉၉ ) ဌာနချုပ်တွေဆီ ဦးတည်တိုက်ခိုက်ခဲ့ပြီး Y-12  စစ်လေယာဉ် ၂ စီး၊ ထုတ်လုပ်ရေးအဆောက်အအုံ ၂ လုံးနဲ့ အရာရှိ ၂ ယောက်အပါအဝင် စစ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးမှာ မိတ္ထီလာမြို့နယ် ပကဖ၊ မိတ္ထီလာ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာတပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၈) နဲ့ အမည်မဖော်လိုတဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထောက်ပံ့ကူညီမှု၊ ရှားထူးဝေါနည်းပညာအဖွဲ့ရဲ့ နည်းပညာပိုင်းအကူအညီတွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လမ်းမပေါ် ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်မှု ၄ ယောက်သေ၊ ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ ကားလမ်းပေါ်က သံလွင်မြန်မာဆီဆိုင်အနီး ခရီးသွားကားနဲ့ ဆိုင်ကယ်တွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ထံက သိရပါတယ်။
Read More

တအာင်းပြည်တစ်နေရာတွင် DPLF/DPLA ၏ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနှင့်  လက်နက်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLF/DPLA ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနဲ့ လက် နက်တပ်ဆင်ခြင်းအခမ်းအနားကို တ‌အောင်းပြည်တစ်နေရာမှာ ဇွန်လ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။
Read More

”ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး. မဲမပေးနဲ့ သပိတ်မှောက်”

''ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး. မဲမပေးနဲ့ သပိတ်မှောက်" ‘ရွေးကောက်ပွဲအတု လုပ်လည်း တော်လှန်ရေးက ဆက်ချမယ်’ ''သင့်မဲဖြင့် တရားဝင်လူသတ်ခွင့် မပေးနဲ့''
Read More

ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ အနီးကပ်တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါးဖမ်းသမားဟန်ဆောင်ထားသည့် အကြမ်းဖက်သမားများ AA တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ကာ လက်နက်များ ခိုးယူထွက်ပြေး (ရုပ်/သံ)

ငါးဖမ်းသမားဟန်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေက AA လုံခြုံရေးအရာရှိ တစ်ယောက်နဲ့ ကမ်းခြေစောင့်တပ်ဖွဲဝင် ၁ ယောက်ကို သတ်ဖြတ်ကာ လက်နက်လုယူပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲကို ထွက်ပြေးသွားတယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏အသက်ကို ကာကွယ်ပေးနိုင်ရန် ကျည်ကာကမ်ပိန်း ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ မုံရွာခရိုင်အမှတ် - ၂၇ တပ်ရင်းက "ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ" ကမ်ပိန်းပြုလုပ် ထားတယ်လို့ သိရပါတယ်။