စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
အခမ်းအနားမှာ ယင်းမာပင်ခရိုင် ပကဖ တာဝန်ခံနဲ့ ဒုတာဝန်ခံတွေက အမှာစကားပြောကြားကာ ဂုဏ်ပြုဆုငွေတွေ ပေးအပ်ခဲ့ကြတယ်လို့ ခရိုင်ရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
(ဓာတ်ပုံ ပကဖအသံ)