အာဏာသိမ်း စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တိုက်ခိုက်ရေး ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့  မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ တင်သွင်းနေတဲ့ EV ကားထုတ်လုပ်ရေးစက်ရုံတွေကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့ကိုရောက်ရှိခဲ့တဲ့  အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ချုံးချင်းဒေသက စက်ရုံတွေဆီသွားရောက်ခဲ့တာ ဖြစ်ပြီး ဒရုန်းစက်ရုံတစ်ခုကို သွားရောက်ခဲ့တယ်လို့  စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာ ထည့်သွင်းဖော်ပြထားတာပါ။

Zhongyue Aviation ကုမ္ပဏီ ရဲ့ ထုတ်လုပ်တဲ့ ဒရုန်းတွေ ခင်းကျင်းပြသထားမှုကို မင်းအောင်လှိုင်က သွားရောက်ကြည့်ရှုခဲ့ပြီး အဲ့ဒီ့ကုမ္ပဏီဟာ စစ်ရေးမှာ အသုံးပြုတဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို အဓိကထား ထုတ်လုပ်နေတဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ ၂၀၂၃ ကစတင်ပြီး တရုတ်နိုင်ငံထုတ် တိုက်ခိုက်ရေး ဒရုန်းတွေကို အသုံးပြုမှု မြင့်တက်လာခဲ့ပါတယ်။

၂၀၂၃ နှစ်ဆန်းပိုင်းကစတင်ပြီး ဗုံးတပ်ဒရုန်း အများအပြား အသုံးပြုတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်စခန်း ရာနဲ့ချီ စွန့်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်က သူတို့ အကြီးအကျယ် အထိနာခဲ့ပြီးနောက် ဒရုန်းအသုံးပြုမှုကို သိသိသာသာ အားပြုလာခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီကို လေယာဉ်လောင်စာဆီ ပိတ်ပင်ဖို့ တောင်းဆိုလှုံ့ဆော်နေမှုတွေ ရှိလာချိန် ဒရုန်းအသုံးပြုခြင်းက စစ်ကောင်စီတပ်အတွက် များစွာ တွက်ခြေကိုက်တဲ့ ရွေးချယ်မှုလည်း ဖြစ်နေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့  နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကလည်း ရှန်းကျန့်မြို့က BYD မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီကို သွားရောက်လေ့လာမှု တချို့ ပြုလုပ်ခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း EV ကားတွေ တင်သွင်းဖို့ မကြာခဏပြောလေ့ရှိတဲ့ စစ်ခေါင်းဆောင်ဟာ သူ့သားနဲ့ သမီးဖြစ်သူကို EV ကားတင်သွင်းခွင့်တွေ အမြောက်အမြား ခွင့်ပြုထားတာဖြစ်ပါတယ်။

လျှပ်စစ်မီး မမှန်တဲ့ နိုင်ငံမှာ EV ကားတွေ တင်သွင်းဖို့က စစ်ခေါင်းဆောင်ရဲ့ အိပ်မက်ဖြစ်သလို သူတို့ မိသားစုရဲ့ အကျိုးစီးပွားအတွက် တရုတ်နိုင်ငံ ခရီးစဉ်မှာ အမိအရ အသုံးချခဲ့တာလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာပြီးဆုံးခဲ့ပြီး စစ်တပ်ထောက်ခံသူအသိုင်းအဝိုင်းနဲ့ တပ်ထောက်ခံသူ အနုပညာရှင်တချို့က လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပြီး သူ့ရဲ့ ပြည်ပခရီးစဉ်ဟာ အောင်မြင်တဲ့ ပုံစံနဲ့ ဝါဒဖြန့် ထုတ်ပြန်မှုတချို့လည်း ပြုလုပ်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မင်းကွန်းပစ်ခတ်မှုအတွင်း အရပ်သားတွေ ထိခိုက်ခဲ့မှုအတွက် မစ်ရှင်ဖော်ဆောင်တဲ့ အဖွဲ့တွေ တာဝန်ယူရမယ်လို့ မင်းကွန်း PDF သတိပေး

စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိရမယ်လို့ မင်းကွန်း PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းနီအမျိုးသားတပ် SNA တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တပ်မဟာ (၆၁၄) က တပ်သားတစ်ယောက် လက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့ People’s Defence Force Katha District B - 04 ဆီက သိရပါတယ်။
Read More

ဖားကန့်မှာ အရပ်ဖက်တော်လှန်ရေးအင်အားစု ‌(၄) ဖွဲ့ စုပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို ILO ရဲ့ ပုဒ်မ ၃၃ အရ အရေးယူပေးရန် ဆန္ဒပြ

ကချင််ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ပုဒ်မ ၃၃ အရ အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို အရပ်ဘက် တော်လှန်ရေးအင်အားစု (၄)ဖွဲ့ စုပေါင်းပြီး ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အဓမ္မ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဆောင်ခဲ့ရတဲ့ တပ်သားတစ်ဦး လက်နက်နှင့် အလင်းဝင်ရောက်လာ

“သူက အတင်းအဓမ္မ ‌ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ၊ အခုလို အလင်းဝင်တာကလည်း အရပ်သားပြည် သူတွေကို သူ့မျက်စိရှေ့မှာ ရက်ရက်စက်စက် ပစ်တာတွေမြင်ရပြီး စစ်တပ်ရဲ့လုပ်ရပ်ကိုမကြိုက်လို့ အလင်းဝင်ခဲ့တာ”လို့ လက်ပံတန်းမြို့နယ် (ပအဖ) မှ စစ်ရေးတာဝန်ခံ ရဲဘော်စနေက မောင်းကိုပြောပါ တယ်။
Read More

စစ်မှုထမ်းမဲပေါက်လို့ စစ်တပ်ထဲ ဝင်ခဲ့ရသည့် တပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်လာ

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၃ ယောက်ဟာ စစ်မှုထမ်းအတွက် မဲပေါက်ပြီး စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရပေမယ့် အခုတော့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ဇီးကုန်းမှာ အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။