ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မင်းလှမြို့နယ်က ကျေးရွာတွေကို ပေါ်တာဝင်ဆွဲခဲ့ရာ မုက္ခာရွာက ကိုကျော်သူ၀င်း၊ ပက်တန်းလေးရွာက ကိုနိုင်၀င်းကိုကို၊ ပက်တန်းကြီးရွာက ကိုလာလူးတို့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

“မုက္ခာရွာက ကိုကျော်သူဝင်းကို ညတွင်းချင်းလိုက်တာ။ ဟိုဘက်က သိန်း ၆၀ ပေးရင် ပြန်လွှတ်မယ်ဆိုပြီး ပြောလာတယ်။ နောက်တော့ မလွှတ်ပေးတော့ဘူး ပြောလို့ ဒီနေ့ထိ မလွတ်သေးဘူး။” လို့ မုက္ခာရွာ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာလည်း ဆင်တဲကုန်းရွာက ပြည်သူ (၅) ယောက်၊ ဂွေးထောက်ကုန်းရွာက ပြည်သူ (၉) ယောက်တို့ကို စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးသွားကာ ဒီနေ့အချိန်ထိ မလွတ်သေးဘူးလို့ သူကဆိုပါတယ်။

အခုလို ဖမ်းဆီးမှုတွေကို ညဘက် မှောင်စပျိုးချိန်မှာ စစ်ကောင်စီတပ်တွေက နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးနေတာကြောင့် အရွယ်ကောင်း လူငယ်အမျိုးသားတွေဟာ နေအိမ်မှာ ညမအိပ်ဘဲ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။

သူကပဲ ဆက်လက်ပြီး “ညဆို လူငယ်တွေ အိမ်မှာ မအိပ်ရဲကြတော့ဘူး။ စကစတွေက နေ့ဘက်လည်း ဖမ်းတာပဲ။ လူသွားလမ်းကနေ စောင့်ဖမ်းတာရော၊ ဂိတ်တွေမှာရော … နေ့ခင်းဘက်ကျ ကားပေါ်ကောက်တင်သွားကြတာ။” လို့ ပြောပါတယ်။

အလားတူ သုံးဆယ်မြို့နဲ့ အုတ်ဖိုမြို့တို့မှာလည်း နေ့စဉ်နဲ့ အမျှ အခုလို ပေါ်တာဆွဲဖမ်းဆီးမှုတွေကို လုပ်ဆောင်နေပြီး စစ်မှုထမ်းအပတ်စဉ် (၇) အတွက် လာရောက်ဖမ်းဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု-SFT ၏ စစ်သင်တန်းတက်ရောက်မှုနှင့် သင်တန်းဆင်းပွဲ မှတ်တမ်းဓာတ်ပုံများ

စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု - SFT အနေနဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၂) ခု ပေးထားခဲ့ရာ တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေရဲ့ သင်တန်း(၃)လတာ ကာလအတွင်း အခြေခံစစ်ပညာတွေ လေ့လာဆည်းပူးခဲ့တဲ့ သင်တန်းကာလ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကောင်စီတပ်ကက အရပ်သား ၅ ဦးကို ဧပြီလအတွင်း ဖမ်းဆီးသတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းနဲ့ တိုးတဲ့ အရပ်သား ၂ ယောက်အပါဝင် ဧပြီလအတွင်း စစ်ကောင်စီတပ်ကက အရပ်သား ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။
Read More

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့နှစ်ပတ်လည်စုံညီအစည်းအဝေး ပြုလုပ်…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။