စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာကနေ ညောင်ဖြူပင်ရဲစခန်းကို တပ်ချိန်းဖို့လာတဲ့ အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက ပဒေသာမိုင်း ၄ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U People’s Defence Force အဖွဲ့ထံက သိရပါတယ်။

မိုင်းဆွဲမှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သား ၆ ယောက်သေပြီး ၇ ‌ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို မုံရွာမြို့ပေါ် ခေါ်ဆောင်သွားခဲ့တယ်လို့လည်း ချောင်းဦးမြို့နယ် ပကဖ ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ခွဲ ၂ (IGF) နဲ့ Special Force 11 တို့ လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးကို ဓားကိုင်လူတစ်စု ဝိုင်းဝန်းလုယက် (ရုပ်/သံ)

မန္တလေးမြို့မှာ အမျိုးသမီး ၁ ယောက် စီးနင်းလာတဲ့ ဆိုင်ကယ်ကို ဓားရှည်ကိုင်ဆောင်ထားတဲ့ အမျိုးသားလူတစ်စုက ဝိုင်းဝန်းလုယက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ 
Read More

ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်းထောင်လေးများ၏ တော်လှန်သင်္ကြန်သံချပ် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ခြင်းခံခဲ့ရတဲ့ မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်း‌ထောင်လေးများရဲ့ တော်လှန်သင်္ကြန်သံချပ်ကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ၂ ရက်ဆက်တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ၂ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေခဲ့တယ်လို့ ဒေါင်းစစ်အောင် (LPDF) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းကနေ ဂမုန်းရေလှောင်တမံသို့ ထွက်လာတဲ့ အင်အား ၁၂ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကြောင်းကို အောက် တိုဘာ ၄ ရက် နံနက်ပိုင်းက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုထံက သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းစစ်တပ်ယာဉ် ၃ စီးကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE HEART ARMY-BHA အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃ ကနေ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့၊ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ်တန်းကို ဇန်နဝါရီ ၇ ရက် မနေ့က ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့ထံက သိရပါတယ်။