အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရောက် မြန်မာလူမျိုးတွေက လက်ရှိ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့မှာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
တရုတ်ကိုယ်စားလှယ်ရုံးရှေ့မှာ မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့က နွေဦးတော်လှန်ရေးကို နည်းမျိုးစုံနဲ့ နှောင့်ယှက် ဟန့်တားနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲအတွင်း “ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ” ၊ “တို့နိုင်ငံအနာဂတ် ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်မယ်”၊ “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ အရာရာဟာ ပြည်သူ့သဘောထားအတိုင်း ဖြစ်ရမယ်”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အမေရိကန်ရောက် မြန်မာတွေ စုရုံးပြီး တရုတ်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်ရဲ့ စစ်ကောင်စီအပေါ် လက်ခံအသိအမှတ်ပြုမှုအပေါ် ပြည်ပရောက် မြန်မာတွေက မြို့ကြီးတွေမှာ ဆန့်ကျင်ကန့်ကွက်မှုတွေ ဆက်တိုက်လုပ်ဆောင်မယ့် အစီအစဉ်တွေလည်း ရှိနေပါတယ်။
(ဓာတ်ပုံ KyawSoe Latt)