စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အောက်တိုဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းဝင် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၉ ယောက်အထိ ​ရှိလာပြီး ကျေးရွာပေါင်း ၃၀ က အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရွာဇော်ကြီး တော်လှန်အသံ အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့ကစလို့ မုံရွာအနောက်မြောက်တိုင်း၊ စစ်ဌာနချုပ် နမခတပ်စခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့နေခဲ့တာဖြစ်ပါတယ်။

တစ်လကျော်အချိန်အတွင်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် သဖန်း၊ ကျောက်အိုးမြောက်၊ စီပါ၊ ကျွဲသေချောင်း၊ အိုင်ပေါင်းချောင်၊ ဆည်ဝရွာသစ်၊ ဆည်ဝရွာဟောင်း၊ စိုင်ပြင်လေး၊ အင်းတဲနဲ့ တက်လှိုင်းရွာတွေက အရပ်သားနေအိမ်ပေါင်း ၄၆၃ ခုနီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ရွာဇော်ကြီး တော်လှန်အသံအဖွဲ့က အသိပေးပါတယ်။

ဘုတလင်မြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခံထားရတဲ့ နေအိမ်များ
ဘုတလင်မြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခံထားရတဲ့ နေအိမ်များ

ဒါ့အပြင် လူမဆန်စွာ သတ်ဖြတ်မှုအဖြစ် စာရင်းဝင်ခဲ့တဲ့ စီပါဖြစ်စဉ်အပါအဝင် ဗန္ဓုလကွက်သစ်၊ မြောက်ကျီ၊ အိုင်ပေါင်းချောင်၊ အင်းတဲ ၊ သဖန်းရွာတွေက အရပ်သား ၁၉ယောက်အထိ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရကြောင်းလည်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းအနေနဲ့ စစ်ကြောင်းထိုးရာ ရွာတွေက အရပ်သားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာဟာလည်း အယောက်၇၀အထိရှိခဲ့ပြီး အဲဒီထဲကမှ ၁၉ယောက်အထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံအရပ်သားတချို့ ပြန်လည်လွတ်မြောက်လာပေမယ့် စစ်ကောင်စီလက်ထဲ အယောက်၄၀ ကျော်ဝန်းကျင်အထိ ကျန်နေသေးတယ်လို့လည်း ရွာဇော်ကြီး တော်လှန်အသံ အဖွဲ့က ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခံထားရတဲ့ နေအိမ်များ

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင် မီးရှို့နေတဲ့အချိန်အတွင်း စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့တဲ့ သက်ကြီးရွယ်အို ၁၀ယောက်အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။

“အခုက ဘုတလင်မြို့ထဲရော မြို့နားရှိတဲ့ရွာတွေရော အကုန်စစ်ကြောင်းရှောင်နေရပါတယ်။ ဒီလိုမျိုး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူတွေအတွက် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေပါတယ်။ ဆောင်းဝင်လာတာနဲ့အမျှ အအေးဒဏ်ခံနိုင်မယ့် ယာယီတဲမိုးကာတွေ၊ အနွေးထည်တွေလည်းလိုအပ်နေပါတယ်။” လို့ လည်း ရွာဇော်ကြီး တော်လှန်အသံ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ရက်က ကူတော်ရွာရဲစခန်းကနေ ဘုတလင်မြို့ကို စစ်ကြောင်းဆုတ်လာတဲ့ ဗိုလ်မှူးကျော်တင့်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းတစ်ခုလုံးကုန်အောင် ကြားဖြတ်တိုက်ခိုက်နိုင်ထားတာလည်း ဖြစ်ပါတယ်။

ဘုတလင်မြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခံထားရတဲ့ နေအိမ်များ
0 Shares:
You May Also Like
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားဖို့ တနင်္သာရီ စစ်ဗျူဟာ အသိပေး

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို လူသားတံတိုင်းပြုလုပ်လာနိုင်တာကြောင့် ခရီးသွားလာခြင်းတွေကို ရှောင်ရှားဖို့ တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

မြဝတီမှာ ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက်၊ ကျွန်းတောဆင်း ၃ လမ်းမှာ ဇန်နဝါရီလ ၁၁ ရက် မနက် ၁၂ နာရီခန့်က ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့နေထိုင်တဲ့သူတွေဆီက သိရပါတယ်။
Read More

ပြီးခဲ့တဲ့လမှာ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ (၃၁) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲက တပ်သားသစ် (၃၁) ယောက်ကို ဇန်နဝါရီလထဲမှာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က (People's Embrace) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း သင်တန်း ပို့ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာလူထုကို လူ့အခွင့်အရေးတာဝန်ခံ ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်း ကမ်းသင်တန်းကို ပို့ချပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ရက်တာအတွင်း ဒရုန်းဖြင့် ဗုံး (၂၈) လုံးနှင့် လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနဲ့ နောင်ဖာကျေးရွာတို့မှာ   တိုက်ပွဲဖြစ်ပွားနေရာ ဇွန်လ (၂၅) ရက် တစ်ရက်အတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈) လုံး၊ လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။