မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရေလုံလောက်မှု မရှိတာကြောင့် ထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေဟာ ယားနာဖြစ်ပွားပြီး အရေပြားရေးဂါကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
လျှပ်စစ်မီးပုံမှန်မရလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသား ၁ဦးကို ထောင်အခေါ်ပုံစံခွက်ရေဖြင့်သာ ချိုးနေရတယ်လို့ သိရပါတယ်။
အကျဉ်းသားတွေကို ၁ဦးကို အဝတ်အစား ၂စုံသာထောင်က ထုတ်ပေးထားပြီး အဝတ်အစားတွေလျှော်ဖွတ်ရာမှာလည်း ရေအသုံးပြုခွင့်ကို ကန့်သတ်ထားတာကြောင့် အနံ့အသက်ပျောက်ကင်းရုံမျှသာ လျှော်ဖွက်ကာ ပြန်လည် ဝတ်ဆင်နေရတယ်လို့ သိရပါတယ်။
အခု ရေလုံလောက်စွာမရခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ အကျဉ်းသား၊ အကျဉ်းသူတွေဟာ တကိုယ်ရည်သန့်ရှင်းမှု မရှိဖြစ်ကာ ယားနားဖြစ်ပွားလာကြတာဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိမှာတော့ ကူးစက်မှုက တထောင်လုံးမှာ ဖြစ်နေတာပါ။ ပွေး၊ ဝဲ၊ ယားနားလို့ ပြောလိုက်တာနဲ့ အကျဉ်းထောင်ဆိုတဲ့ အမြင်တွေလည်း ပိုပြီးမြင်လာကြပါတယ်။ တလမှာ အရေပြားရောဂါခံစားနေရသူတွေ၊ နိုင်ငံရေးအကျဉ်းသားထဲမှာဆို ပျှမ်းမျှ ၁၀၀ ကနေ ၂၀၀ ကြားရှိပြီး တခြားအကျဉ်းသားတွေမှာဆို ၂၀၀ ကနေ ၅၀၀ ကြားရှိနေပါတယ်” လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
အရေးပြားရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ ရေလုံလောက်စွာ မရရှိမှုအပြင် အကျဉ်းသားတွေကို သတ်မှတ်ထားတဲ့ လူဦးရေတဲ့ ကျော်လွန်စွာထားပြီး ပူးကပ်စွာ အိပ်စက်ရတာကြောင့်လို့လည်း ဆိုပါတယ်။
ချိုးရေလုံလောက်စွာ မရှိတာတွေနဲ့ တင်မပြီးသေးပဲ အိုးဘို အကျဉ်းထောင်ထဲမှာ အိမ်သာရေတွေလည်း လုံလောက်စွာ မထားရှိမှုတွေကြောင့် အကျဉ်းသား၊ အကျဉ်းသူတွေမှာ အိမ်သာ အညစ်အကြေးတွေကိုလည်း သန့်ရှင်းအောင် မပြုလုပ်နိုင်ပဲ အနံ့အသက်ဆိုးဝါးမှု ဒဏ်ကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်းက သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်း အောက်တိုဘာ ၁၇ ရက် မနေ့ညပိုင်းက ပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲမြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

ပြင်ဦးလွင်ခရိုင်၊ ၅၁၂ တပ်ရင်းရဲဘော်တွေကို တော်လှန်ပြည်သူတွေက နှစ်သစ်လက်ဆောင် မုန့်ဖိုးတွေ ပေးပို့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် ၁ စစ်ဒေသ၊ ပြင်ဦးလွင်ခရိုင်၊ အမှတ် ၅၁၂ တပ်ရင်းက ရဲဘော်တွေအတွက် တော်လှန်ပြည်သူတွေက နှစ်သစ်လက်ဆောင်မုန့်ဖိုးတွေ ပေးပို့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘားအံမှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နှင့် အရေးပေါ်ကားများကိုပါ စစ်အုပ်စု ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ ကားနဲ့  ဆိုင်ကယ်မှန်သမျှကို စစ်အုပ်စုက ဖမ်းဆီးတဲ့အပြင် အရေးပေါ်ကားတွေပါ ဖမ်းဆီးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။
Read More

အုတ်ဖို၊ ပဲခူးရိုးမအစပ် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။