ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က လေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ဂိုထောင်နဲ့ အရာရှိနေအိမ်တွေထိခိုက်နိုင်ကြောင်း Urban Special Operation ( U.S.O) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၉ရက် ၊ မနက် ၁၂နာရီ ၅၅မိနစ်အချိန်မှာမှော်ဘီလေတပ်စခန်းဝန်းထဲကို မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ဝင်တွေက အဝေးပစ်မစ်ဇိုင်းဒုံး ၄လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄လုံးစလုံးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
” ပစ်မှတ်က လေတပ်ဝန်းထဲက လေယာဉ်ဂိုထောင်နဲ့ အရာရှိနေအိမ် တွေဆီကိုပါ။ ပစ်လိုက်တဲ့၄လုံး စလုံး အောင်မြင်ပါတယ်။ တပြိုင်တည်းပစ်ခဲ့တာပါ။ ထိခိုက်ပျက်စီး အသေးစိတ်ကိုတော့ စုံစမ်း နေဆဲဆိုပေမယ့် ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ပစ်ခတ်မှု့အပြီး ညတွင်းချင်းပဲ ပိတ်ဆို့ စစ်ဆေးတာတွေ၊ အနီးအနားကိုဧည့်စာရင်းစစ်တာတွေ လုပ်ကြတယ်လို့လည်း မြေပြင်သတင်းတွေအရ သိရပါတယ်။ နောက်ပြီးရဲဘော်တွေလည်း ဘေးကင်းလုံခြုံစွာနဲ့ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” လို့ Urban Special Operation ( U.S.O) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
သူကပဲ ဆက်လက်ပြီး ” အခုသုံးလိုက်တဲ့မစ်ဇိုင်းဒုံးတွေက အဆင့်မြှင့်ထားတဲ့အတွက် ၁၀၇ မမ ထက် ပိုပြီးပြင်အား များပါတယ်။ အားသာချက်က ရန်သူ့ ဧရိယာနား ကပ်ဖို့မလွယ်တဲ့ မစ်ရှင်တိုင်း အသုံးပြုလို့ကောင်းတယ်ပေါ့ သတိလည်း ပိုထားရသလို ထိခိုက်ပျက်စီးမှုလည်း ကြီးမားနိုင်ပါတယ်။ ” လို့ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ တိုင်းရင်းသားဒေသတွေကို လေကြောင်းသုံးတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် အခုလိုတိုက်ခိုက်ရတာဖြစ်ပြီး နောက်ကိုလည်းအကြမ်းဖက်စစ်အုပ်စုရဲ့ စီးပွားရေးပိုင်ဆိုင်မူတွေ၊ ပက်သက်ဆက်နွယ်မှုတွေကို စစ်ရေးပစ်မှတ်ထားပြီး တိုက်ခိုက်သွားဖို့ရှိတယ်လို့လည်းUrban Special Operation ( U.S.O) က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ရက် ညနေပိုင်းကလည်း ရန်ကုန်တိုင်း၊ မဂ်လာဒုံမြို့နယ်မှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို အလားတူ မစ်ဇိုင်းဒုံးတွေနဲ့ပဲ Shawdow SAF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ- တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပတ်ခတ်ခဲ့စဥ်က (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့နေ၊ ပြည်သူ ၇၀၀၀ နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စစ်တပ်ဝါဒဖြန့် MRTV မှ ပြည်သူစိတ်ဝင်စားသည့် အစီအစဉ်ကောင်းများ ပြသဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

စစ်ကောင်စီက ထိန်းချုပ်ထားပြီး နေ့စဉ် အများပြည်သူကို ဝါဒဖြန့်နေတဲ့ MRTV အနေနဲ့    ပြည်သူတွေစိတ်ဝင်စားတဲ့ အစီအစဉ်ကောင်းတွေ ပြသဖို့ အာဏာသိမ်း  ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ထွေအုပ်ရုံးက အိမ်စီးကား တိုက်ခိုက်ခံရ၊ ၃ ပွင့်ဗိုလ်အပါ ၃ ဦး သေပြီး လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးထွေရုံးကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီအိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ၃ ပွင့် ဗိုလ်အပါ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း Brave Heart Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူ PDF က စစ်ကောင်စီတပ်နဲ့ ၃ လအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်း (ပွင့်ဖြူ PDF) အနေနဲ့ ၃ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးပြီး ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။