မကွေးတိုင်း ရေစကြိုမြို့မှ စက်လှေ ၃ စီးနဲ့ မြောင်မြို့နယ် ‌ကျောက်ရစ်ရဲစခန်းကို တပ်ချိန်းဖို့ လာတဲ့ အကြမ်းဖက်စစ်သား အင်အား ၆၀ ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ Royal Brother Defence Forceအဖွဲ့ထံက သိရပါတယ်။
အဲဒီအကြမ်းဖက်စစ်သားတွေဟာ ခမရ ၃၃၁ တပ်ရင်းက စစ်သားတွေဖြစ်ပြီး ချင်းတွင်းမြစ်တစ် နေရာမှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၃ ယောက်သေကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျေးရွာတပ်ပေါင်းစု (မြောင်)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၃)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၁)၊ သွေးသောက်တပ်ဖွဲ့၊ 11 Brother revolution forceနဲ့ Wolf brother တပ်ဖွဲ့ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ စက်တပ်လေထီး ၂ စီးကို တော်လှန်ရေးတပ်တွေ ပစ်ခတ်၊ အကြမ်းဖက် မောင်းသူတစ်ဦး ပေါင်ထိမှန်ကာ ဖြတ်တောက်ခံရနိုင် (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ကနေ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို ဗုံးကြဲဖို့ တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို တော်လှန်ရေရဲဘော်တွေက ပွိုင့်-၅ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

MBT ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းပွဲ (ရုပ်/သံ)

Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီ၏ ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းအား KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အမိုနယ်စပ် (သို့)  ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟို က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNDF B08 Batch 1 မွမ်းမံနှင့် တပ်သားသစ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

Karenni Nationalities Defense Force (KNDF) BO8 မွမ်းမံနဲ့ တပ်သားသစ်သင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်တပ် လက်ပါးစေ ကြံ့ခိုင်ရေးအတွက် ဂျင်းနီ၊ နန်းဝေဝေမြင့်နှင့် ကျော်ကျော်နန္ဒတို့ မဲဆွယ်ပေး (ရုပ်/သံ)

အာဏာသိမ်းစစ်တပ် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အဆိုတော် ဂျင်းနီ၊ ကျော်ကျော်နန္ဒနဲ့ နန်းဝေဝေမြင့်တို့က စစ်တပ်အသွင်ပြောင်း ကြံ့ခိုင်ရေးပါတီဘက်ကနေ မဲဆွယ်ပေးနေပါတယ်။
Read More

ဘားအံတွင် ဆေးကြောင်နေသည့် လူငယ် ကြော်ငြာဆိုင်းဘုတ်ပေါ်မှ ခုန်ချ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ဆေးကြောင်နေတဲ့ လူငယ် ၁ ယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။