မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မြို့သာမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး၊ အရာရှိအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၈ရက်၊ မနေ့ကမွန်းလွဲပိုင်းမှာ မြို့သာမြို့ကနေ အင်အား ၇၀ နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကား ၃စီးကို လုံခြုံရေးယူနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ငါန်းဇွန်မြို့နယ်၊ ရွာသာအေးရွာနားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ရင်း ၄၅မိနစ်ကြာထိတွေ့မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
” မနေ့က ငါန်းဇွန်မြို့နယ်ထဲ ကျနော်တို့ လုံခြုံရေးယူနေတုန်း မြင်းခြံ ဆုံရွာဘက်ကို သွားထိုင်မယ့်တပ်တွေ မြို့သာကနေ ကား၃စီးနဲ့ ထွက်လာကြတယ်။ အင်အား၆၀ ၇၀ လောက်ပါလာတယ်။ အဲ့တာ ကျနော်တို့နဲ့ ၆လမ်းသွားမှာ ထိတွေ့မှုဖြစ်ပြီး ရဲဘော်တွေက စနစ်တကျ တိုက်ခိုက်လိုက်နိုင်တော့ သူတို့ကစဥ့်ကလျားဖြစ်သွားတယ်”
“ရဲဘော်တွေလက်နက်ငယ်နဲ့ ပစ်လိုက်လို့ ၃ယောက် ကားဘေးမှာ အရုပ်ကြိုးပြတ်လဲသွားတယ်။ ဒါကမျက်မြင်ပေါ့။ နောက်ပြီး ၄၀မမနဲ့ ၇လုံးပစ်ခဲ့တာမှာလည်း ၆လုံးက ပစ်မှတ်ကို အတိအကျပစ်နိုင်ခဲ့ပါတယ်။ ဒီမနက်သတင်းအရဆို အရာရှိ၁ယောက် ခြေထောက်ထိသွားပြီး ဖြတ်ရမယ်လို့သိရတယ်။ သူ့အပြင် ၄၀မမထိပြီး ခြေတွေလက်တွေမှန်ဒဏ်ရာရတဲ့သူတွေ အများကြီးရှိတယ်လို့လည်းသိရပါတယ်” လို့ Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
ဒါ့အပြင် ထိတွေ့မှုဖြစ်ပြီး ဒဏ်ရာရသေဆုံးသူတွေကို မြို့သာမြို့ကနေ ဆီးမီးခုံမြို့ဆီ လူနာတင်ကားတွေနဲ ့ပြန်ပြီးသယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့ရဲ့ စစ်ကြောင်း ၂ နဲ့ စစ်ကြောင်း ၅ တို့နဲ့အတူ မြင်းခြံခရိုင်တပ်ရင်း ၆ နဲ့ ဒေါင်းဘုရင်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပုံစာ- Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ရဲ့ စစ်ဆင်ရေးဟောင်းတစ်ခုကပုံရိပ်
0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ်မှာ ကျေးရွာဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မဲဇလီ-ဆည်တော် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ ဘန်ကာ ၃ လုံး ပြိုကျပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ယောက်သေဆုံးပြီး (၁) ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ မကွေးတိုင်း ပ.က.ဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစု၏ KMDF စခန်းကို မီးရှို့ဖျက်ဆီး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီ ရခိုင်ပြည်နယ် ကျောက်တော်ကို ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၂ ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာထားတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က လူနေရပ်ကွက်ထဲကို မနေ့က သင်္ကြန်အကြိုနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အမေရိကန်ရောက် မြန်မာတွေရဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရောက် မြန်မာလူမျိုးတွေက လက်ရှိ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့မှာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို  ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။