မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားစဉ်မှာ လာရောက်မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေနဲ့ ပရဟိတသမားတွေ အပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့က နိုဝင်ဘာလ ၇ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်မှာ မင်းသန့်ဆီဆိုင်၊ ဆီလှောင်ကန်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မီးစတင်လောင်ကျွမ်းစဉ် မီးက အရမ်းပြင်းထန်တာကြောင့် မီးသတ်သမားတွေ အပါအဝင် မော်လမြိုင်မြို့က ပရဟိတအဖွဲ့တွေပါ ပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက် ည ၈နာရီ ဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီလောင်ထားတဲ့ ဆီဆိုင်ကို ရှင်းလင်းရေးလုပ်စဉ်မှာ ဆီဆိုင်အတွင်းမှ ကားဆီဘောင်ဆာကနေ ထပ်မံ မီးလောင် ပေါက်ကွဲခဲ့တာကြောင့် မီးသတ်သမားတွေ အပါအဝင် ပရဟိတသမားတွေလည်း မီးလောင်၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“မီးလောင်မှုဖြစ်စဉ် ထိခိုက်ဒဏ်ရာရှိသူ (၂၀) ဦး၊ မီးသတ် (၇) ဦး၊ လူမူကယ်ဆယ်ရေး (၁၃) ဦး။” လို့ ဘိုဘိုဝင်းလှုမှုကယ်ဆယ်ရေးအသင်းက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။