မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးတပ်တွေနဲ့  စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ သိသိသာသာ မြင့်တက်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရေအတွက်များပြားလာကြောင်း Rehmonnya Institute for Civic Engagement – RICE  က အသိပေးထုတ်ပြန်ပါတယ်။

အထူးသဖြင့် ကရင်နီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာအဓိက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားမှု မြင့်တက်လာတာဖြစ်တယ်လို့  မနေ့က နိုဝင်ဘာ ၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဒေသတွေမှာ အောက်တိုဘာလအတွင်း စုစုပေါင်းထိတွေ့တိုက်ပွဲ ၆၅ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု  ၇၀ ကျော်အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၃၁ ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်မှု ၁၁ ကြိမ်အထိ ရှိခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးရမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရရှိသူ ၂၇ ယောက်၊ သေဆုံးသူ စုစုပေါင်း ၃၅ ယောက်အထိ ရှိခဲ့တယ်လို့ RICE က စာရင်းပြုစုထားတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ထုတ်ပြန်ပါတယ်။

လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးက ကရင်ပြည်နယ်ဖြစ်ပြီး ဒုတိယအများဆုံးက ကရင်နီပြည်နယ်ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၈၅ယောက် ဖမ်းဆီးခံခဲ့ရပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ် ၂၀ကျော်လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

အဲဒီဒေသတွေမှာ စစ်ကောင်စီရန်ကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူပေါင်း ၃ သောင်းနီးပါးအထိ  ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံတွင် ၂ ရက်အတွင်း အယောက် ၃၀ နီးပါး ပေါ်တာဆွဲခံရဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီပဲယင်းနဲ့ ရေဦးအနောက်ခြမ်းကို စစ်ကောင်စီ‌ လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးကြီးတစ်ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။