စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစခန်းနဲ့ မအူရဲစခန်းကို တစ်ရက်တည်း ၂ နေရာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ၆ရက်မနက်ပိုင်းကတော်လှန်ရေးတပ်တွေပူးပေါင်းပြီးတောပုပျူစခန်းခေါင်းဆောင်နဲ့အကြမ်းဖက်စစ်သားတွေနေတဲ့အိမ်တွေကိုဒရုန်းနဲ့ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုအတွင်း မအူရဲစခန်းကနေ လက်နက်ကြီး ပစ်ကူပေးတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ဆုတ်ခွာခဲ့ကြပြီး ညောင်ဖြူပင်အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို နေရာပြောင်းကာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဗုံးသီးတွေဟာ စစ်တပ်အထိုင်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ()၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ()၊ တပ်ခွဲ () 5/ Commando Force၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉ တပ်ရင်း FRF 2၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃) တပ်ခွဲ ၂၊ Tiger Brothers people’s Defence Force၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃ ) တပ်ခွဲ( ) Midlane New Generation Defence Force ChinDwin Fighter Group (CFG)၊ ဆားလင်းကြီးမြို့နယ် မြို့ပကဖ ဒရုန်းတပ်ဖွဲ့၊  BED ငညို ပကဖ ဒရုန်းတပ်ဖွဲ့၊ တောသားကြီး ပကဖ ဒရုန်းတပ်ဖွဲ့၊ တောကျီးကန်း ပကဖ ဒရုန်းတပ်ဖွဲ့၊ Saligyi People Defence Force SPDF၊ မျိုးဆက်သစ်လူငယ် ဒရုန်းတပ်ဖွဲ့ ဆားလင်းကြီးနဲ့ Monywa Youth Attacks Force – MYF ယင်မာပင်းခရိုင်တပ်ရင်း ၃၅ တပ်ခွဲ ၃ တပ်စိပ် ၁ (fighter Group)၊ ယင်မာပင်းခရိုင်တပ်ရင်း ၃ တပ်ခွဲ ၃နဲ့ Defender of Our Motherlandအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို တော်လှန်‌‌ရေး တပ်များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်းကြီး‌ကျေးရွာဘက်ကနေ သံဘိုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ထိန်းသိမ်းထားသည့် ဆင်များထဲမှ အကောင် ၆၀ ကို TNLA ထံ လွှဲပြောင်းမှု (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA  ထိန်းသိမ်းထားတဲ့ ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို တအောင်းတပ်(TNLA) ထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။
Read More

ကသာမြို့ ခမရ ၃၀၉ မှ အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၃၃ ယောက် သေပြီး ၃၁ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ခမရ ၃၀၉ ကနေ အင်းတော်မြို့သို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃၃ ဘောက်သေပြီး ၃၁ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင်တပ် ဝင်ဖမ်းမည့်သတင်းကြောင့် KK Park ရှိ ကျားဖြန့် အများအပြား ထွက်ပြေးတိမ်းရှောင် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အတွင်းရှိ ကျားဖြန့်တွေကို ဖမ်းဆီးဖို့ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာတာကြောင့် ကျားဖြန့်အလုပ်ဆိုက်ထဲက နိုင်ငံခြားသားတွေအပါအဝင် လူအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ကမ္ဘောဒီးယားစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်များ ထိုင်း Phanom Dong Rak ဆေးရုံသို့ ကျ‌ရောက်ပေါက်ကွဲ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိုင်းဘက်ခြမ်းရှိ Phanom Dong Rak ဆေးရုံသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေက ‌ဖော်ပြပါတယ်။