စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က သိန်ရင်ဆည်ကို ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ဆီက သိရပါတယ်။
သိန်ရင်ဆည် ရေပိုလွှဲ နေရာကို ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာလ ၄ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ဆိတ်ဖူးမြောင်ပျူစောထီးရွာက စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ ကန့်ဘလူမြို့ အမှတ် ၂ ရပ်ကွက်က ပျူစောထီး ၂ ယောက် ပွဲချင်းပြီး သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲ့ဒီအထဲက နိုဝင်ဘာလ ၇ ရက်မှာ ၁ ယောက် ထပ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား (KDF) အဖွဲ့ ဦးဆောင်မှုနဲ့ မြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ (KDF) ၊ (KGF) ၊ အမှတ်(၃) ၊ အမှတ် (၄) Drone အဖွဲ့ ကျေးရွာ ပကဖ နဲ့ တိုက်နယ် ပကဖ တွေ ပူပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။