စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က သိန်ရင်ဆည်ကို ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ဆီက သိရပါတယ်။

သိန်ရင်ဆည် ရေပိုလွှဲ နေရာကို ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာလ ၄ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ KDF ၏ ရုပ်သံမှတ်တမ်းမှ)

အဲ့ဒီတိုက်ခိုက်မှုအတွင်း ဆိတ်ဖူးမြောင်ပျူစောထီးရွာက စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ ကန့်ဘလူမြို့ အမှတ် ၂ ရပ်ကွက်က ပျူစောထီး ၂ ယောက် ပွဲချင်းပြီး သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲ့ဒီအထဲက နိုဝင်ဘာလ ၇ ရက်မှာ ၁ ယောက် ထပ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား (KDF) အဖွဲ့ ဦးဆောင်မှုနဲ့ မြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ (KDF) (KGF) ၊ အမှတ်() ၊ အမှတ် () Drone အဖွဲ့ ကျေးရွာ ပကဖ နဲ့ တိုက်နယ် ပကဖ တွေ ပူပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မောတောင် မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း BPLA ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သား ၈ ဦး သေသည့် စစ်ကွင်းတာဆုံဂိတ် စီးနင်းတိုက်ခိုက်မှု၊ “ဒဏ်ရာရတဲ့ ၄ကောင် မှာလည်း ၃ကောင်က အခြေအနေ မကောင်းဘူး။ ဗိုက်ပွင့်တဲ့သူကပွင့် ခြေပြတ်တဲ့သူက ပြတ်နဲ့ပါ”

ရန်ကုန်-ပြည် လမ်းပိုင်းပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကွင်းတာဆုံဂိတ်ကို ၂ရက်ဆက် တိုက်ခိုက်မှုမှာ စစ်အုပ်စု ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားနဲ့ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက  ​မောင်းကို ပြောပါတယ်။
Read More

သဲကုန်းတွင် စစ်တပ်ထောက်တိုင် ဒလန်တစ်ဦးကို တော်လှန်ရေးရဲဘော်များ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်း စုဆောင်းပေးနေတဲ့ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၄) ရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။