မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေ စောင့်ကြိုပစ်ခတ်ခံရပြီး ၃ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း M.V.P Revolution Force အဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၆ရက်၊ မနေ့က မနက်အစောပိုင်းမှာ မြိုင်မြို့နယ်၊ တွင်းမပျူရွာကနေ ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးအင်အားစုတွေက အသင့်စောင့်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သိမ်းဆည်းရရှိတဲ့သေနတ် ၃ လက်နဲ့ ဆက်စပ်ပစ္စည်းများ (ဓာတ်ပုံ M.V.P Revolution Force)

အဲ့ဒီနောက်နာရီဝက်ကြာအပြန်အလှန်ပစ်ခက်မှုဖြစ်ခဲ့ပြီးပျူစောထီးတွေဆုတ်ခွာချိန်တော်လှန်ရေးအင်အားစုတွေရှေ့တက်ပစ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ဆုတ်ခွာသေဆုံးသွားတဲ့ ပျူစောထီးတွေဆီကလည်း M16သေနတ်၂လက်နဲ့အတူ G3 ၁လက်၊ 5.56 ကျည်၁၈၀တောင့်၊ G3 ကျည် ၈၀တောင့်၊ ဖုန်း၂လုံးနဲ့ icon ၁လုံး သိမ်းဆည်းရမိခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီစောင့်ကြိုတိုက်ခိုက်မှုကို 8+အညာမြေတပ်ပေါင်းစုနဲ့အတူ M.V.P Revoulation Force ၊ အလင်တန်းပြောက်ပျားတပ်ဖွဲ့ ( မြိုင် ) UAV Fighter၊ မဟူရာအလင်းတန်းပြောက်ကျား ၊ Phoneix. people Defence Force Scopion People Defence Force ၊ ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့ နဲ့ ဇာမဏီ Drone တပ်ဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီးအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖာပွန် – ဘီးလင်း လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ လှဂွန်းပျိုတပ်စခန်းက ဗိုလ်မှူး (၁) ယောက် အပါ (၁၆) ယောက် လက်နက်ချ အလင်းဝင်

ကရင်ပြည်နယ်၊ ဖာပွန် - ဘီးလင်း ကားလမ်းမအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လှဂွန်းပျိုတပ်စခန်းက ဗိုလ်မှူး (၁) ယောက် အပါအဝင် တပ်ဖွဲ့ဝင် (၁၆) ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၂၇) ဗျူဟာတာဝန်ခံနဲ့ ချိတ်ဆက်ကာ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး ဒုတပ်စိပ်မှူး ရဲဘော် ဇော်ခိုင် ကျဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို ရိက္ခာပို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ပခုက္ကူခရိုင် အမှတ် (၂) တပ်ရင်းက ဒုတပ်စိပ်မှူး ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်၊ ခမရ-၁၂တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိပြီး စစ်သား ၉ ဦး သေဆုံး 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးကျေးရွာပျူစခန်း၊ ဘိုးနတ်တောင်စခန်း၊ တောင်လှဗျူဟာစခန်းနဲ့ ဘိုးထွန်းကျော်ဗျူဟာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တပ်ရင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်မှာ တစ်အိမ်ထောင် စစ်မှုထမ်းကြေး ၃သိန်း တောင်းခံနေတဲ့ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူးသိန်းဦးကို နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းပြီး လေသေနတ် ၁လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇမင်းက မောင်းကိုပြောပါတယ်
Read More

ဘုရားသုံးဆူတွင် နယ်မြေရှင်းလင်းနေသည့် PDF များကို စစ်တပ်နှင့် ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲအတွင်း စစ်တပ်က ၂ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ စိန်ဘုံကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း စစ်ကြောင်း ၃ (Kanbauk Defense Force) က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၃/၂၀၂၅) သင်တန်းဆင်းပွဲ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။