တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ကျောက်လုံးကြီးစခန်းရှေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung (တောင်ငူခရိုင်၊ တပ်မဟာ(၂) တပ်ရင်း(၅) လက်အောက်ခံ)က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်လုံးကြီးစခန်းရှေ့မှာ ပြည်သူပိုင်ကားတွေကို အနိုင်ကျင့် ပိုက်ဆံ မတရားတောင်းခံနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၃၁ ရက် နေ့လည်ပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့အတူ People Defence Force Thandaung က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung (တောင်ငူခရိုင်၊ တပ်မဟာ(၂) တပ်ရင်း(၅) လက်အောက်ခံ) က ထုတ်ပြန်ထားပါတယ်။