ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန် ပါဝင်လာတာကို ယူနက်စကိုရဲ့ တရားဝင် Website မှာဖော်ပြချက်အရသိရပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ လက်ရှိမှာ ပဏာမစာရင်းဝင်ရုံသာ ရှိသေးပြီး လာမယ့် ဒီဇင်ဘာ ၂ရက်နေ့ကနေ ၇ရက်နေ့အထိ ပါရာဂွေးနိုင်ငံမှာ ကျင်းပမယ့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုညီလာခံမှာ တရားဝင် ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ့ရိုးရာသင်္ကြန်ဟာ ပြည်သူတွေအတွက် ပျော်ရွှင်စရာ ပွဲလမ်းသဘင်တစ်ခု မဟုတ်တော့ဘဲ ခြောက်ကပ်သွားခဲ့ပါတယ်။ သင်္ကြန်ရောက်တိုင်းလည်း မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
