စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သား ၁၂၂ယောက်ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းကစလို့ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက ကာဘိုးရွာ ပျူအထိုင်စခန်းကတဆင့် အင်အား ၁၆၀နီးပါးနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ ကာဘိုးအထိုင်စခန်းကနေ အင်အား အလုံးရင်းသုံး ထွက်ခွာလာရင်း ကျောက်တိုင်နဲ့ ကျီစုကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ အိုင်ပေါင်းချောင်ကျေးရွာက အပြစ်မဲ့ပြည်သူ ၃၇ ယောက်ကို ပထမဆုံး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကတော့ အကြမ်းဖက်စစ်ကြောင်းဟာ အိုင်ပေါင်းချောင်ကျေးရွာထဲက အရပ်သားတွေကို ကန့်ဘလူအခြေစိုက် ၆၀၀၆ တင့်ကားတပ်ရင်းထဲခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီနောက် နိုဝင်ဘာ ၁ ရက်နေ့မှာလည်း ကာဘိုးတိုက်နယ်အတွင်းက ဝက်တိုးကျေးရွာကို စစ်ကြောင်းက ထပ်မံမီးရှို့ခဲ့ပြီး နေအိမ် အလုံး ၁၀၀ နီးပါးမီးလောင်ပျက်စီးခဲ့ရသလို အရပ်သား ၅ယောက်လည်း အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ဒါ့အပြင် နိုဝင်ဘာ ၄ ရက်၊ မနက်ပိုင်းကလည်း ဘူးကြီးကျေးရွာထဲ ပိတ်မိနေတဲ့ အပြစ်မဲ့အရပ်သား အယောက်၅၀ကို ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားသလို အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ကျီကုန်းကျေးရွာထဲက အရပ်သား၃၀ကိုပါ ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၀ရက်ကနေ နိုဝင်ဘာလ ၄ရက်အထိ အကြမ်းဖက်စစ်ကြောင်းကြောင့် အိုင်ပေါင်းချောင်၊  ဝက်တိုး၊ ကျီကုန်း၊ ဘူးကြီးစတဲ့ ကျေးရွာတွေက အပြစ်မဲ့ အရပ်သား ၁၂၂ယောက်အထိ ဖမ်းဆီးခံထားရတယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ဒါ့အပြင်နိုဝင်ဘာ၅ရက်၊မနေ့ကလည်းကန့်ဘလူမြို့နယ်ကိုအကြမ်းဖက်စစ်အုပ်စုကစစ်ကြောင်းထိုးကာဇီးကုန်းမြို့၊လက်ဆည်ရပ်ကွက်ကိုမီးရှို့ဖျက်ဆီးခဲ့သလိုစစ်ရှောင်အရပ်သားတွေကိုပါဖမ်းဆီးသွားသေးတယ်လို့သိရပါတယ်။

သင်္ကန်းဝတ်ဝါသဝ ဦးဆောင်တဲ့  ပျူစောထီးစစ်အုပ်စုတွေ ကြီးစိုးရာ ကျွန်းလှ၊ ကန့်ဘလူနယ်မြေမှာ စစ်ကောင်စီက လူသူ၊ လက်နက် အင်အားဖြည့်တင်းပေးတာတွေ ဆက်တိုက်လုပ်ဆောင်ရင်း အခုလို အရပ်သားကျေးရွာတွေဆီ ပြင်းပြင်းထန်ထန် စစ်ကြောင်းထိုးတိုက်ခိုက်ခိုင်းနေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်မှာ တိုက်ခိုက်နိုင်စွမ်းရော တိုက်ခိုက်လိုစိတ်ပါ အားနည်းနေကြောင်း စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး ဝန်ခံ

စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။ 
Read More

အကြမ်းဖက်အဖွဲ့အမည်ခံပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ခြိမ်းခြောက်ငွေတောင်းသူ နှစ်ယောက်ကို ဖမ်းမိတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ထုတ်ပြန်

အကြမ်းဖက်အဖွဲ့အစည်းဆိုပြီးအမည်ခံကာစီးပွားရေးလုပ်ငန်းရှင်တွေဆီကခြိမ်းခြောက်ငွေတောင်းသူနှစ်ယောက်ဖမ်းဆီးရမိထားတယ်လို့အကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူအချုပ်ခန်း လိင်အကြမ်းဖက်မှုဖြစ်စဉ်က နစ်နာသူတွေကို တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးမယ်လို့ NUG ကတိပြု

စစ်ကိုင်းတိုင်း ကန့်ဘလူ ပလဖ အချုပ်စခန်းက လိင်အကြမ်းဖက်မှု ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ နစ်နာသူတွေ တရားမျှတမှုရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ စစ်ကောင်စီအထိုင်စခန်းကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
Read More

ခန္တီးမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား၊ စစ်တပ်က ၂၂ ယောက် သေပြီး ၃ ယောက် အရှင်မိကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ…

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားရာ စစ်တပ်ဘက်က ၂၂ ယောက် သေဆုံးပြီး ၃ ယောက် အရှင်မိခဲ့တယ်လို့ ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။