နွေဦးတော်လှန်ရေး အောင်မြင်နေတာဟာ ပြည်သူကြောင့် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒုက္ခကို ကြံ့ကြံ့ခိုင်ကာ ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ မနေ့က ပူးတွဲလုပ်ဆောင်တဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်သတင်းစာရှင်းလင်းပွဲမှာ KNU အထွေထွေအတွင်းရေးမှူးချုပ်က အခုလို ပြောကြားခဲ့တာပါ။

ပြည်သူလူထုကြောင့်လည်း ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ဒီလောက်ထိအောင်မြင်နေတာဖြစ်တယ်။ ပြည်သူလူထုက တကယ်ကို ကြံ့ခိုင်ပြီးတော့ ဒုက္ခကို ကြံ့ကြံ့ခိုင်ပြီး ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်။ တခါတည်းမှာ ဆက်ပြီးအတူတကွ ရုန်းကန်ကြရအောင်။ သန်းခေါင်ယံပြီးလို့ရှိရင် မနက်အလင်းက ဝင်လာမှာဖြစ်ပါတယ်။လို့ ပြောဆိုပါတယ်။

ဒါ့အပြင် KNU အထွေထွေအတွင်းရေးမှူးချုပ်ကဒီနေ့တော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးမှာ ပါဝင်သူအားလုံးဟာ ပထဝီနိုင်ငံရေးရဲ့ ချောက်ထဲကို မကျဖို့ကိုလည်း သတိထား ဆင်ခြင်ကြရမှာဖြစ်သလို မိမိ လိုချင်ရာပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ကိုလည်း ကြိုးစားကြရမှာဖြစ်ပါတယ်။လို့လည်း ပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ KNU)

ပဒိုစောတာဒိုမူးက လေယာဥ်ဆီ၊ အမြောက် လက်နက်ကြီး ကျည်တွေ၊ လက်နက်ငယ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လက်နက်တွေ ထုတ်လုပ်တဲ့ ပစ္စည်းတွေ မြန်မာစစ်တပ်ဆီ ဆက်လက် ပေးပို့နေတာတွေဟာ ပဋိပက္ခကို တိုးမြင့်စေပြီး  စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ဖို့အတွက် တွန်းအားပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဆီ စစ်လက်နက်ပစ္စည်းတွေ ရောက်ရှိနိုင်မှုကို ရပ်တန့်ဖို့၊ စစ်ကောင်စီကို သံတမန်ရေးရာအရ တရားဝင်မှု မပေးအပ်ဖို့၊ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုကို ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ ဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်ပိတ်ဆို့ဖို့ စတာတွေ လိုအပ်ကြောင်းကို ပဒိုစောတာဒိုမူးကလည်း ASEAN UN နဲ့ နိုင်ငံတကာကို အသိပေးပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဖာပွန်က စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ပြီး လက်နက်ခဲယမ်းတွေပါ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

အမေရိကန်ရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးများ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဧရိယာ၊ ယူနီယံစီးတီး၊ မြန်မာကွန်မြူနီတီစင်တာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးတွေနဲ့ မေလ ၃၁ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ပြည်သူ ၃၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။
Read More

ရန်ကုန်၊ ထောက်ကြံ့ရဲစခန်းကို ပြောက်ကျားအဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ထောက်ကြံ့နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိခဲ့ကြောင်း Operation Flame အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

မွန်တော်လှန်ရေးတပ်များ ပါဝင်သည့် ရာမညပူးတွဲစစ်ကြောင်း ရုတ်သိမ်းထား

မွန်လက်ကိုင်တော်လှန်ရေး ၄ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းဟာ ၄လ သက်တမ်းကုန်ပြီးတဲ့နောက် ပူးတွဲစစ်ကြောင်းကို ခေတ္တ ရုတ်သိမ်းထားတယ်လို့ မွန်တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ 
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။