ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် PDF Zoland အဖွဲ့ရဲ့ ဒုတပ်စိတ်မှူးဟာ ဆေးဝါးမလုံလောက်မှုကြောင့် နို၀င်ဘာ ၄ ရက် မနေ့က မနက်ပိုင်းမှာ  ကွယ်လွန်သွားတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။

အသက် ၄၀ အရွယ် ဒုတပ်စိတ်မှူး ပေါင်ခန့်ခိုင် () ကိုစစ်သားဟာ နေမကောင်းတာကြောင့် တစ်လနီးပါးခန့် ဆေးကုသမှုခံယူနေရပေမယ့် ဆေး‌ဝါး မလုံလောက်မှု၊ ထိရောက်စွာကုသနိုင်မှုမရရှိတာတို့ကြောင့် မီဇိုရမ်ပြည်နယ်ဆီ ဆေးဝါးကုသဖို့သွားချိန် အိန္ဒိယမြန်မာနယ်စပ် တီအိုချောင်းမှာ သေဆုံးခဲ့တယ်လို့ PDF-Zoland က ဆိုပါတယ်။

(ဓာတ်ပုံ PDF Zoland)

ကွယ်လွန်သူ ကိုစစ်သားဟာ အရင်က စစ်တပ်မှာ လက်နက်ကြီး ကြီးကြပ်တာဝန်ယူထားသူ တစ်ယောက်ဖြစ်ပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ကာ PDF-Zoland ရဲ့ လက်နက်ကြီးပိုင်း တာဝန်ယူ ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ်တော်လှန်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တက်တက်ကြွကြွပါဝင်ပြီး ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ် အင်မတန် ဝမ်းနည်းကြောင်း PDF-Zoland က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ PDF Zoland)
(ဓာတ်ပုံ PDF Zoland)
0 Shares:
You May Also Like
Read More

မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် မိသားစုလိုက်သေဆုံး၊ ပျဉ်းမနားတွင်လည်း ဝင်းရွှေစင်ရွှေဆိုင် ပြိုကျမှု ၉ ဦး သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ  ၁၁ ထပ်အမြင့်ရှိသည့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ ပါဝင်တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စု ဒရုန်းနဲဲဗုံးကြဲပြီး မီးရှို့လို နေအိမ် အလုံး ၇၀၀ ကျော် ပျက်စီးဆုံးရှုံးကာ စစ်ရှောင်ဒေသခံတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ၂ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း မီးရှိခဲ့တဲ့အတွက် ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ် ၇၀၀ နီးပါး ပျက်စီးဆုံးရှုးခဲ့ရတယ်လို ကန့်ဘလူ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲက ပြောပါတယ်။
Read More

ရိက္ခာရှာတဲ့ စစ်သားတွေကို ကြားဖြတ် တိုက်ခိုက်၊ ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ရိက္ခာရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) ထံက သိရပါတယ်။
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။
Read More

တနင်္သာရီမှာ ကျေးရွာအတွင်း ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် ၂ ဦး စစ်ကောင်စီလက်နက်​ကြီး ထိမှန်သေဆုံး…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ရိက္ခာတွေ ပြန်လည်သယ်ယူတဲ့ စစ်ဘေးရှောင်အရပ်သား ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကရင်နီဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ဒုံး ၁၀ လုံး ထိမှန်ပေါက်ကွဲ

နှစ်သစ်ကူးညမှာ ကရင်နီဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ တောင်ငူ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM ကနေ သတင်းထုတ်ပြန်လာပါတယ်။