စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသများရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေ လှူဒါန်းပေးခဲ့ပြီး လေကြောင်းအန္တရာယ် အသိပညာပေးပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

(ဓာတ်ပုံ Alliance of Students’ Unions Yangon – တကသများ ရန်ကုန်)

0 Shares:
You May Also Like
Read More

မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမတ ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရဟု ဆို

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ - ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ တနင်္သာရီတိုင်း PDF တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေး၊ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ရာ PDF တွေနား ကျရောက်ပေါက်ကွဲပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိ

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နဲ့ ရေးဖြူမြို့နယ်အကြား ရေပုံးရွာထိပ်က အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေးခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ ပြည်သူ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၁ ယောက် သေဆုံးပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အရပ်သားများအား ဖမ်းလာသည့် စစ်တပ်ထောက်ပို့စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ပြီး ဓားစာခံများကို ကယ်ထုတ်နိုင်ခဲ့၊ စစ်ကောင်စီဘက်မှ ၃ ဦး သေ၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးလာတဲ့ အကြမ်းဖက်ထောက်ပို့စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရင်း ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁ယောက်ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ Scorpions People Defense Force တာဝန်ရှိသူ ရဲဘော်ပေါ့ဘာက မောင်းကို ပြောပါတယ်။
Read More

နမ့်ခမ်းမှာ အမျိုးသားတစ်ဦး ကြံခုတ်ရင်း မြေမြှုပ်မိုင်းထိကာ ပြင်းထန်စွာဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်၊ နောင်တိန်းကျေးရွာမှာ အမျိုးသားတစ်ယောက် ကြံခုတ်ရင်း မြေမြှုပ်မိုင်းနဲ့ ထိမိကာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက သတင်းဖော်ပြထားပါတယ်။
Read More

လောင်းလုံးတွင် မင်းအောင်လှိုင် လုံခြုံရေးအတွက် ဆင်းလာသည့် အကြမ်းဖက်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိအခိုက်များ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးအတွက် ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။