တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာပို့ကားတန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) ဆီက သိရပါတယ်။
နိုဝင်ဘာ (၂) ရက် နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ ဇဝဲရွာအခြေစိုက် ၅၅၆ – တပ်ရင်းက စစ်သားတွေ လမ်းကင်းထွက် ယူနေတဲ့အချိန် ဘန်းလမွတ်ရွာလမ်းဆုံနားမှာ တနင်္သာရီ (ပကဖ) ဇုန် (၅) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄) ယောက်ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြိတ်ဘက်က တင်္နသာရီမြို့နယ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာပို့ကား(၄)စီးကို ရမ်းဖိုရွာနဲ့ ချောင်းညီကိုရွာကြားမှာ တနင်္သာရီ ပကဖ ဇုန်(၃)နဲ့ ပူးပေါင်းတပ်တွေက ညနေပိုင်းမှာ ထပ်မံမိုင်းဆွဲခဲ့ရာ စစ်သား(၂)ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။