တနင်္သာရီမြို့နယ် ဇဝဲကျေးရွာ ခမရ ၅၅၆ တပ်ရင်းကနေ တနင်္သာရီမြို့ဘက်ကို တက်လာတဲ့ အင်အား ၆၅ ယောက်ရှိ အကြမ်းဖက်စစ်တပ်ခြေလျင်စစ်ကြောင်းကို နိုဝင်ဘာ ၂ ရက်က ဘန်း လမွတ်ကျေးရွာမှာ ရှေ့ထွက်မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။
တောဗုံးကြီးအဖွဲ့က ကြိုတင်ပြင်ဆင်ပြီး မိုင်းကွင်းထဲအရောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် အကြမ်းဖက်စစ်သား ၄ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းကလည်း ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။