ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။
မနေ့ကနိုဝင်ဘာလ၄ရက်၊မနက်အစောပိုင်းမှာ၁ကြိမ်၊ညနေပိုင်းမှာ၂ကြိမ်စစ်ကောင်စီကဂျက်ဖိုက်တာတွေနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့်နောင်ချိုမြို့အနောက်ခြမ်းကဒေသခံနေအိမ်အများအပြားပျက်စီးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၄ ရက်နေ့ တစ်ရက်တည်းမှာပဲ ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးအလုံး (၂၀) ကျော် လာရောက်ကြဲချတာကြောင့် ဆမ္မဆယ်ရွာက နေအိမ် (၄) ပျက်စီးခဲ့ရပြီး နိုဝင်ဘာလ ၃ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆမ္မဆယ်ရွာက နေအိမ် (၂) လုံးပျက်စီးခဲ့သေးတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာလည်း ဘူတာရပ်ကွက် (၅) ကုတ္တီပင် ဘုန်းကြီးကျောင်းအနီးမှာ စစ်ကောင်စီက ပေါင် (၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ် (၇) လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
(ဓာတ်ပုံ The Ta’ang Post)