ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး – KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ KNU-Mutraw News)
(ဓာတ်ပုံ KNU-Mutraw News)

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းကို KNLA တပ်မဟာ၅နဲ့ပူးပေါင်းတပ်တွေကအောက်တိုဘာလကုန်ပိုင်းမှာအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားတွေကိုပိုက်စိပ်တိုက်လိုက်လံရှင်းလင်းချိန်စစ်သုံ့ပန်း၁၇ယောက်ကိုလက်နက်တွေနဲ့အတူအရှင်လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

(ဓာတ်ပုံ KNU-Mutraw News)
(ဓာတ်ပုံ KNU-Mutraw News)

အရှင်လက်ရဖမ်းဆီးနိုင်သူတွေထဲမှာ ခမရ ၃၄၀ က တပ်ခွဲမှူး တစ်ယောက်၊ ခမရ ၃၄၁ က တပ်ခွဲမှူး တစ်ယောက်၊ ခလရ ၁၉ က တပ်ခွဲမှူး တစ်ယောက်နဲ့ ခမရ ၃၄၀ က ဆေးတပ်မှူးတစ်ယောက် ပါဝင်ပြီး အဲ့ဒီထဲက ဒဏ်ရာရသူတွေကို POW(Prisoner of War) စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကောင်းမွန်စွာ ဆေးကုသပေးထားတယ်လို့ KNU Mutraw News က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ KNU-Mutraw News)
0 Shares:
You May Also Like
Read More

မင်းလှ ပကဖ ပံ့သကူပစ်ရင်း ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တစ်နိုင်ငံလုံးနည်းတူ တန်ဆောင်မုန်းလ မုန့်ဖိုးတွေ ပံ့သကူ ပစ်ရင်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ နယ်မြေက ပြည်သူတွေနဲ့ တော်လှန်ရဲဘော်တွေရဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ၊ အမှတ် ၃ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ စုပေါင်းကျင်းပပြုလုပ်တဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် ပုံရိပ်တွေကို ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို မော်လမြိုင်မှာ ကျင်းပမည်…

မွန်ပြည်သစ်ပါတီ (NMSP) က ဦးဆောင်ပြီး လာမယ့် ဧပြီလ ၂ ရက်မှာ မွန်အမျိုးသား ညီလာခံကို မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ဓါတုမာလာ မွန်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောမှာ စစ်ရှောင်စခန်းတစ်ခုက သားအမိနှစ်ယောက် တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး၊ရေတိုက်စားသွားလို့ ပိတ်ထားရတဲ့လမ်းပိုင်းကို တစ်ရက်တည်း ဝိုင်းဝန်းပြုပြင်ခဲ့ကြ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်း​ရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။