ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စခန်းမှူးဖြစ်သူ ရဲဘော် ထူးကိုလွင် (ခ) ဗထူးဟာ လက်နက်ကြီး ထိမှန်ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ရဲဘော် ထူးကိုလွင် (ခ) ဗထူးဟာ နိုဝင်ဘာ ၁ ရက်က KNU/KNLA တပ်မဟာ ၁ နယ်မြေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော်ဗထူးရဲ့ ခန္ဓာကိုယ်ကို ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အဆင့်ဆင့်နေရာရွှေ့ကာ ပြန်လည်သယ်ဆောင်ပြီးနောက် နိုဝင်ဘာ ၂ ရက်မှာ မီးသဂြိုဟ်ခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။




