ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် () တပ်ရင်း (ပွင့်ဖြူ PDF) အနေနဲ့ ၃ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လကနေ အောက်တိုဘာလအထိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပွင့်ဖြူ PDF တို့ ထိတွေ့တိုက်ပွဲ () ကြိမ်ခန့် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရခဲ့သလို အတည်မပြုရသေးတဲ့ ဒဏ်ရာရသေဆုံးသူတွေ ထပ်ရှိနိုင်သေးတယ်လို့ ပွင့်ဖြူ PDF က ဆိုပါတယ်။

ပွင့်ဖြူ PDF အနေနဲ့ လက်နက်အင်အားလိုအပ်ချက်တွေကြောင့် ပွင့်ဖြူမြို့နယ်ကနေ () နှစ်နီးပါး ဆုတ်ခွာခဲ့ရပြီး အခုအခါ နယ်မြေအတွင်း ပြန်လည်ဝင်ရောက်ကာ တိုက်ပွဲတွေ ဖော်ဆောင်နိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပွင့်ဖြူ PDF အနေနဲ့ ပိုပြီး စနစ်ကျတဲ့ ဖွဲ့စည်းပုံနဲ့ စစ်ရည်ပြည့်ဝနေတဲ့ တော်လှန်ရေးရဲဘော်တွေအဖြစ် ပြန်လည်ဝင်ရောက်လာနိုင်တာကြောင့် ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ် အထိနာနေပေမယ့် ပွင့်ဖြူ PDF အနေနဲ့လည်း လက်နက်ခဲယမ်းများစွာ လိုအပ်နေသေးတယ်လို့ ပွင့်ဖြူ PDF က ထုတ်ပြန်ထားပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်း ပွင့်ဖြူ PDF ရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံ မင်းဘူးခရိုင် ကွပ်ကဲရေးရုံး)
ပွင့်ဖြူမြို့နယ်အတွင်း ပွင့်ဖြူ PDF ရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံ မင်းဘူးခရိုင် ကွပ်ကဲရေးရုံး)
ပွင့်ဖြူမြို့နယ်အတွင်း ပွင့်ဖြူ PDF ရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံ မင်းဘူးခရိုင် ကွပ်ကဲရေးရုံး)
ပွင့်ဖြူမြို့နယ်အတွင်း ပွင့်ဖြူ PDF ရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံ မင်းဘူးခရိုင် ကွပ်ကဲရေးရုံး)
ပွင့်ဖြူမြို့နယ်အတွင်း ပွင့်ဖြူ PDF ရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံ မင်းဘူးခရိုင် ကွပ်ကဲရေးရုံး)
ပွင့်ဖြူမြို့နယ်အတွင်း ပွင့်ဖြူ PDF ရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံ မင်းဘူးခရိုင် ကွပ်ကဲရေးရုံး)
0 Shares:
You May Also Like
Read More

ရွှေပြည်သာမြို့နယ်ရှိ ခလရ ၆ တပ်ရင်းကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၆ တပ်ရင်းစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မကွေးအကျဉ်းထောင်အတွင်း အခြေအနေတင်းမာမှုများကြား နိုင်ကျဉ်း ၂ဦး အနည်းဆုံးသေဆုံးပြီး အများအပြားထိခိုက်ခဲ့၊ အကျဉ်းထောင် တိုက်ခိုက်ခံရမှုအတွက် နိုင်ကျဉ်းများကို စစ်ဆေးနေ

မကွေးအကျဥ်းထောင် တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့အတူ ထောင်ဝန်းအတွင်းဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေမှာ နိုင်ငံရေးအကျဥ်းသားတွေ ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထောင်တွင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။
Read More

နွားစာရိတ်ဖို့ ထွက်လာတဲ့ ပျုစောထီး စနိုက်ဘာနဲ့ ပစ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

ဖရူဆိုကိုသွားသည့် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

မကွေးတိုင်းထဲမှာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်ကြောင်းနဲ့ပါလာသူ ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ အလင်းဝင်ခိုလှုံလာတယ်လို့ အဆိုပါ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃ ခုတွင် စစ်ရှောင်နဲ့ဒေသခံပြည်သူတွေအတွက် NUG အစိုးရမှ အာဟာရနဲ့ ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ချောင်းဦး၊မြင်းမူ စတဲ့မြို့နယ်တွေမှာ ရှိတဲ့ စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူ့အခွင့်ရေးရာတာဝန်ခံတွေက ဦးဆောင်ပြီး အာဟာရကျွေးမွေးမှုနဲ့ထောက်ပံ့ကူညီမှုတွေကို ဇူလိုင်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။