မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ နှစ်ခု ဖြစ်တဲ့ တပ်မ ၇၇ နဲ့ တပ်မ ၄၄ တို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မော်လမြိုင် ကားလမ်းမကြီးပေါ်ကို ရောက်ရှိနေတာဖြစ်ကြောင်း သိရပါတယ်။

ပျဉ်ကတုန်ကုန်းဘက်ကနေ ဒီနေ့မနက်ပိုင်းက ရန်ကုန်မော်လမြိုင်ကားလမ်း အောက်ဘက်ကို ဆင်းသွားတယ်။ အင်အားအတော်လေးတော့ များတယ်။ အနည်းဆုံး ၂၀၀ ကျော်လောက်ရှိတယ်လို့ ခရီးသွားပြည်သူတစ်ယောက်က ပြောပါတယ်။

မြေပြင်တော်လှန်ရေးအဖွဲ့ဝင် တစ်ယောက်ကလည်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိနေတယ်။ ထိတွေ့တိုက်ပွဲတွေတော့ ဖြစ်နေတာပဲ။ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာ။ သိမ်ဇရပ်မှာအခြေစိုက်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ၂၀၇ တပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က သွားရောက်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်တပ်က အင်အားသုံးပြီး တပ်မ ၂ ခုနဲ့ စစ်ဆင်ရေးပြုလုပ်လာနေတာ။ အခြေအနေမဟန်လို့ ရန်ကုန်မော်လမြိုင်ကားလမ်းမကြီး အောက်ဘက်ကို ပြန်ဆုတ်ခွာတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

တပ်မ ၂ ခုနဲ့ စစ်ကြောင်းထိုးလာပြီး ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဘေးသင့် ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် Eagle

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၉၀၁ တပ်ရင်း ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက်ဟာ ရေတာရှည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တယ်လို့ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

“Happy Birthday Suu” ဟူသည့် ဆုတောင်းဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည့် MDY-PDF ရဲဘော်ရဲမေများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ စစ်ရေးဌာနကြီးလက်အောက်ရှိ တပ်ရင်း/ဌာနတွေက ရဲဘော်ရဲမေတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် ရိုက်ကူးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရွှေဘိုတွင် ပျူစောထီး၂ ရွာကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ပြည်သူ့စစ်ခေါင်းဆောင်အပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အရပ်သားနေအိမ်တွေကို ဖျက်ပြီးသယ်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ပျူစောထီးရွာ၂ ရွာကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် စစ်အုပ်စုဘက်က ၅ယောက် သေဆုံးခဲ့ကြောင်း မဟူရာရွှေဘိုသားအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော်က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဇွန်လ ၂၇ ရက် မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

NUG လက်အောက်ကနေ  တပ်ရင်းတပ်ဖွဲ့အချို့ နုတ်ထွက်နေရခြင်းမှာ လက်နက်အလုံလောက် တပ်ဆင်ပေးနိုင်ခြင်းမရှိလို့ဟု ကာကွယ်ရေးဝန်ကြီး ပြော 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ချိတ်ဆက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့အချို့ နှုတ်ထွက်နေရခြင်းမှာ  လက်နက်အလုံအလောက်တပ်ဆင်နိုင်ပေးခြင်း မရှိမှုနဲ့  စစ်ရေးလိုအပ်ချက်အရ တပ်များနေရာပြောင်းရွှေ့ရမှုကြောင့် ဖြစ်တယ်လို့  NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း မင်္ဂလာပွဲအတွက် စခန်းတာဝန်ခံ တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စစ်သုံ့ပန်း မိသားစုရဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေးခဲ့ရာမှာ ဝေဖန်သူတွေ များပြားလာတာကြောင့် စခန်းတာဝန်ခံက ပြန်လည် တောင်းပန်စာ ထုတ်ပြန်လာပါတယ်။