စစ်ကိုင်းတိုင်း မုံရွာကနေ စစ်ကိုင်းလက်ကို အကြမ်းဖက်စစ်သားတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ် ၁ စီးကို အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက မုံရွာ–မန္တလေးလမ်းပိုင်း အလက္ကပ္ပအနီး ပျားဂဟောနဲ့ ကုက္ကိုတန်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ချောင်းဦးမြို့ဆေးရုံဆီ ခေါ်ဆောင်သွားကာ ဆေးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို BLDF တပ်ခွဲ အညာမိုင်းနဲ့ ဇာမဏီဒေါင်းဘုရင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။