မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတဲ့ သံဃာတော်တစ်ပါးနဲ့ အရပ်သား၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကျန်တဲ့သူတွေကိုပါ ညှင်းပန်းနှိပ်စက်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက်အစောပိုင်းက ပေါက်မြို့နယ်၊ ရန်ကင်းကျေးရွာမြောက်ဘက်မှာရှိတဲ့ ဒီးဒုတ်ကွင်း စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ဝတ်စုံတွေဝတ် ပုံမှားရိုက် စီးနင်းရင်း နေအိမ် ၇ လုံးနဲ့ ဆေးပေးခန်းတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စခန်းအတွင်းက အရပ်သား၁၇ယောက်နဲ့အတူ သံဃာတော်တစ်ပါးကိုပါ လူဝတ်လဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၃၁ရက် မနက်ပိုင်းမှာတော့ ပေါက်ပကဖ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စစ်အုပ်စု ဖမ်းဆီးထားတဲ့လူတွေထဲက သံဃာတစ်ပါးကို လူဝတ်လဲကာ သတ်ဖြတ်ထားပြီး အရပ်သား ၂ ယောက်ကိုလည်း အဝတ်ဗလာနဲ့ ရုပ်အလောင်းအဖြစ် တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ကျန်အရပ်သားတွေကိုလည်းဒီးဒုတ်ကွင်းရွာထဲ ဖမ်းဆီးချုပ်နှောင်ကာ စစ်အုပ်စုက ညှင်းပန်းနှိပ်စက်နေတယ်လို့ ပေါက်ပကဖ ကထုတ်ပြန်ပါတယ်။

အဲ့ဒီနောက် နိုဝင်ဘာ ၁ရက်နေ့မှာတော့ စစ်အုပ်စုအထိုင်စခန်းရှိရာ ဒီးဒုတ်ကွင်းရွာ ဘုန်းကြီးကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ လက်လုပ် ၆၀ မမ ၆လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂ရက်၊ မနေ့က ညပိုင်းကလည်း ပေါက်မြို့နယ်၊ သစ်ချိုကုန်း ပြည်သူ့စစ်ရွာကင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီထိတွေ့မှုတွေနဲ့ ပတ်သက်ပြီး ပေါက်မြို့နယ်၊ ပကဖ ကတော့ သီးခြား အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပါဘူး။

တစ်ဖက်မှာလည်း စစ်ကောင်စီက မိတ္ထီလာ ရှမ်းတဲလေဆိပ်တက် Y8 ထောက်ပို့လေယာဥ်နဲ့ လက်နက်ရိက္ခာတွေကို တစ်ကြိမ်ကို ၇ထုပ်နှုန်းစီ ချပေးသွားခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးတင်းမာနေသည့် မတ္တရာတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းပစ်နေ၊ မတ်လ ဒုတိယပတ်အစမှာ အရပ်သား၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လ ဒုတိယပတ်အစမှာပဲ အရပ်သား၂ယောက် သေဆုံးခဲ့တယ်လို့ Voice of Mandalay ရဲ့ဖော်ပြချက်အရ သိရပါတယ်။
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တောင်ဒဂုံမှာ စစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့ ရပ်ကွက်ဥက္ကဌနဲ့ ရာအိမ်မှူး ဆိုသူတွေ ရပ်ကွက်ရုံးရှေ့မှာပဲ ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း စစ်အုပ်စုလော်ဘီချန်နယ်တွေကတဆင့် သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

ရေဖြူစစ်ဗျူဟာ လုံခြုံရေးတပ်စုမှ စစ်မှုထမ်းဆင်းစစ်သား (၂) ဦး တနင်္သာရီတိုင်းစစ်ဌာနဆီ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ

တနင်္သာရီမြို့နယ်၊ ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်စုက စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီစစ်သား(၂) ယောက် ဇူလိုင်လ ၈ ရက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းနှင့် ဝန်းသိုတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၆ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ - Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။