စစ်ကိုင်းတိုင်း ဆားတောင်မြို့ရဲစခန်းနဲ့ အထက်ကျောင်းမှာ အထိုင်ချထားတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon Guerrilla Force အဖွဲ့ထံက သိရပါတယ်။
အောက်တိုဘာ ၁ ရက် ညနေပိုင်းက ဆားတောင်မြို့ရဲစခန်းမှာ ပြည်သူတွေကို အနိုင်ကျင့်ငွေတောင်းနေတဲ့ ရဲတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ဆားတောင်မြို့အထက်ကျောင်းအတွင်း ဘောလုံးကန်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၉ ရက် ညပိုင်းကလည်း ဆားတောင်ရဲစခန်းကနေ ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို RFGF (Sadaung Falcon) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို Royal Falcon Guerrilla Force(Sadaung Falcon)/ Phoenix -Sagaing/ Unicorn Guerrilla Force| စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း တို့မှ ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။