တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး အခိုင်အမာတပ်စွဲပြီး စစ်ရှောင် ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)ထံက သိရပါတယ်။

တိုက်ပွဲ ၄ နာရီကြာ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်သားအများအပြားသေဆုံးကာ MA3 သေနတ် ၂လက်၊ 5.56 ကျည် အတောင့် ၄၀၀၊ ကျည်ဘောက်  ၇ ခု၊ ဦးထုပ် ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၃ လုံး၊ အီကွေ့မန့်ခါးပတ် ၁ ခု၊ စစ်သုံးပုခတ် ၁ ခု၊ ကင်မရာ ၁ လုံး၊ ဟင်းကော ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဘုရားမဲစစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်တပ် စစ်ကူတွေ ရောက်လာတဲ့အတွက် တော်လှန်‌ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအတွက် DMO Local PDF အောက်မေ့ခြင်း အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို DMO Local PDF ရဲဘော်၊ ရဲမေတွေကို နိုဝင်ဘာ ၂ ရက်က သင်္ချိုင်းပွဲ (ကွယ်လွန်သောသူအတွက် အောက်မေ့ဖွယ်ရာနေ့) မှာ ဖယောင်းတိုင်မီးထွန်းခြင်း၊ မိစ္ဆာတောင်းဆိုခြင်းနဲ့ အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူ တစ်ဦး၏ နာရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည်သူများ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရွာအထိုင်ရဲစခန်းကို စစ်ကူပေးပြီး စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာချုပ်ကို ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည် သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မန္တလေးမှ ရန်ကုန် ပျံသန်းမည့် MNA လေယာဉ် ၁ စီး ပြေးလမ်းမှာ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးကနေ ရန်ကုန်ကို ပျံသန်းမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines _ MNA)ခရီးသည်တင်လေယာဉ် ၁ စီး ဟာ မေလ ၆ ရက် မနေ့ညပိုင်းက လေယာဉ်ပြေးလမ်းမှာ ဘီးပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်က လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

ထော်သာရွာစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေ သတ်ဖြတ်ခံရကြောင်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်မှုအပေါ် အမှတ် (၁)စစ်ဒေသဖြေရှင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် မော်လိုက်မြို့နယ်ရှိ ထော်သာရွာရှိ စစ်ကော်မရှင်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေ သတ်ဖြတ်ခံရကြောင်း ဝါဒဖြန့်မှုအပေါ် NGU ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသမှာ ကာယကံရှင်စစ်သုံ့ပန်း၊ ထောက်သာရွာဒေသခံတွေရဲ့ ဖြေရှင်းချက်နဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။