အရှိုချင်းကာကွယ်ရေးတပ်(ACDF) ကနေ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် () အတွက် သင်တန်းသား အသစ်တွေ ခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတဲ့ဘယ်သူမဆို သင်တန်းသားအဖြစ်လက်ခံသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ACDF မှာ လာရောက်စစ်မှုထမ်းလိုသူတွေဟာ စစ်အာဏာရှင်ကို ရွံမုန်းပြီး လက်နက်ကိုင် တော်လှန်လိုသူ၊ ကျန်းမာရေး အထူးကောင်းမွန်ကာ အသက် (၁၈)နှစ် ကနေ (၃၅)နှစ်အတွင်း ဖြစ်ဖို့ လိုအပ်ပြီး အခြေခံစစ်ပညာသင်တန်း ()လနဲ့ ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ရည်ရှိသူ၊ အခြေခံစစ်ပညာ သင်ယူပြီးရင် အနည်းဆုံး ()နှစ် သို့မဟုတ် အာဏာရှင် ကျဆုံးသည်အထိ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

ပေးအပ်လာတဲ့ အမိန့်နဲ့ စစ်ရေးတာဝန်ကို ရဲရင့်ကျေပြွန်‌စွာ ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အရှိုချင်း ကာကွယ်ရေးတပ်ဟာ တခြားသော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်း၊ ရွာသစ်ရွာကို မီးဝင်ရှို့တဲ့ စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ယောက်သေ၊ ၂ ယောက် ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းဝင်လာတဲ့ အကြမ်းဖက်စ စ်သားတွေက ရွာသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးရင်း ဆုတ်ခွာရာလမ်းပိုင်းတွေပေါ်  မိုင်းတွေထောင်သွားခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ရေတာရှည်တွင် ကြိုတင်မဲ ၂ မဲသာရတာကြောင့် တရားမျှတမှုမရှိဘူးဟု ကျားဖြူပါတီ တောင်ငူခရိုင်ဥက္ကဋ္ဌ ပြော

ရေတာရှည်မြို့နယ်မှာ ကောက်ယူခဲ့တဲ့ ကြိုတင်မဲတွေအနက် ကြံ့ခိုင်ရေးပါတီက မဲအားလုံးနီးပါး ရရှိနေမှုအပေါ် တရားမျှတမှုမရှိဘဲ တစ်ဖက်သတ်ဆန်တဲ့အတွက် လုံးဝလက်မခံကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ - SNDP) တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုးက ဒီဇင်ဘာ ၂၆ ရက်မှာ သူရဲ့ လူမှုကွန်ရက်ကတဆင့် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 
Read More

မြန်မာ့ပြည်တွင်းရေးစွက်ဖက်နေတဲ့ တရုတ်ကို ဩစတြေးလျရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချတဲ့ လှုပ်ရှားမှုအဖြစ် ဩစတြေးရောက် မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စကခ (၁၉) က ပြန်လာသည့် စစ်ကားကို ရေးပြောက်ကျားတပ်က ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကမ -၁၉) က ထွက်လာတဲ့ စစ်ကားကို စောင့်ကြိုတိုက်ခိုက်ရာမှာ ကားပေါ်ပါလာတဲ့ တပ်ရေးဗိုလ်ကြီး ၁ယောက်အပါအဝင် ၄ ယောက် ထိခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်-YGF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောတိုက်နယ်အတွင်း ရွှေပင်ရွာ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၁ ပွင့်ဗိုလ် သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်အ‌တွင်းရှိ စစ်အုပ်စုဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ (YDF) တပ်ဖွဲ့ထံက သိရပါတယ်။