ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဂွမြို့နယ် ဂျိုင်းကောက်ကျေးရွာမှာ ဆိုင်ကယ် ၂ စီးလုယူကာ ဧရာဝတီတိုင်းထဲ ဝင်ပြေးသွားတာဖြစ်ပြီး အောက်တိုဘာလ ၃၁ရက် မနေ့က ဇင်းလှကျေးရွာမှာ ၂ ယောက် ဖမ်းမိသွားတယ် လို့ သိရပါတယ်။

ဇင်းလှကျေးရွာမှာ ဖမ်းမိတာ။ သာပေါင်းမြို့နယ်က ဇင်းလှကျေးရွာ အုပ်ချုပ်ရေးမှုး နေဇင်လတ်က  သာပေါင်းရဲစခန်းကို သတင်းလှမ်းပို့ပြီး လာဖမ်းခိုင်းလိုက်တာလို့ ရဲတပ်ဖွဲ့နဲ့ နည်းစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

သာပေါင်းမြို့မ ရဲစခန်းမှူး ဝင်းနိုင်ဦးကိုယ်တိုင် ဆင်းဖမ်းတာ။ ထန်းကြို့ကုန်း စက်လှေဆိပ်မှာ စက်လှေစောင့်နေတဲ့အချိန်မှာ ဖမ်းမိသွားပြီး သာပေါင်းရဲစခန်းကိုခေါ်ဆောင်လာတာလို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ် ဂမြို့နယ်မှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေရာကနေ ထွက်ပြေးလာ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို ဖမ်းမိပေမယ့် ကျန်တဲ့ ဒဏ်ရာရ စစ်သားတစ်ယောက်နဲ့ သေနတ် ၂လက်ကတော့ ပျောက်နေတယ်လို့ သိရပါတယ်။ ရခိုင်တိုက်ပွဲထဲကနေ ထွက်ပြေးလွတ်မြောကိလာတဲ့ တခြားစစ်သားအများအပြားလည်း ရှိနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ထား၀ယ်ခရိုင်ထဲက PDF တပ်ဖွဲ့ ၆ဖွဲ့ ပေါင်းစုပြီး ခရိုင်တပ်ပေါင်းစုအဖြစ် စစ်ရေးတွေလှုပ်ရှားမယ်

ထားဝယ်ခရိုင်ရှိ PDFနဲ့ ပကဖ တပ်ဖွဲ့ ၆ခုပူးပေါင်းပြီး ခရိုင်တပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီလို့ အသိပေးထုတ်ပြန်ပါတယ်။ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်းနှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်းလိုက်ခြင်းဖြစ်ပါတယ်။
Read More

စစ်ကျွန်မခံ ဒို့ငြင်းဆန် အမျိုးသားနေ့ ဟစ်ကြွေးသံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက် လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်အာဏာရှင် အုပ်ချုပ်မှုကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်တပ်က စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။
Read More

မရမ်းကုန်းက တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army - YUPA က ထုတ်ပြန်လာပါတယ်။ 
Read More

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၈၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ် …

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပ 

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (RMA) ရဲ့  အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။