မုံရွာမန္တလေးလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံးခဲ့တယ်လို့ Brave Heart Army – BHA အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃၁ရက်၊ မနေ့က မနက်ပိုင်းမှာ မုံရွာမြို့နယ်၊ တောပုရွာကနေ ထွက်လာတဲ့ အကြမ်းဖက်ပျူစောထီးတွေကို  မုံရွာမန္တလေးလမ်းပေါ် မှာ ရှေ့ထွက်ပြောင်း ၅ပြောင်းနဲ့ တော်လှန်ရေးတပ်တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မဲစာရင်းမှားနေကြောင်း ဖြေရှင်းတဲ့ ပြည်သူကို မှော်ဘီမြို့ထွေ/အုပ်တာဝန်ရှိသူက ခွေးနဲ့ ခိုင်းနှိုင်း (ရုပ်/သံ)

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မင်္ဂလာဒုံမြို့နယ်နေ ပြည်သူများကို မဲစာ ရင်းအတွင်း ထည့်သွင်းထားတဲ့အတွက် ပြည်သူများက လာရောက်ဖြေရှင်းရာမှာ ခွေးနဲ့ ခိုင်းနှိုင်းပြော ဆိုခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေဟာ မှော်ဘီမြို့နယ်မှာပါ မဲစာရင်းထပ်မံပါနေတဲ့အတွက် သွားရောက်‌ဖြေရှင်းခဲ့ကြတာဖြစ်ပါတယ်။ ဒေသခံတစ်ဦးရိုက်ကူးထားတဲ့ ဗီဒီယိုအတွင်း ပြည်သူများက မင်္ဂလာဒုံမှာ မဲစာရင်းပါပြီးသားဖြစ်ကြောင်း ပြောဆိုနေစဉ်အတွင်း အုပ်ချုပ်ရေးမှူးဆိုသူက ပြည်သူများကို လက်ညိုးထိုးပြီး ''အားလုံးကို ကျွန်တော်ပြောမယ်။ ခွေးလိုလိုက်မအူကြနဲ့''လို့ ပြောဆိုခဲ့တာပါ။
Read More

နေပြည်တော် တပ်ကုန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ ရေကြီးနေ (ရုပ်သံ)

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ရေကြီးနေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော် နဲ့ စစ်ကောင်စီတပ်တို့အကြား ၂ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် ထိခိုက် သေဆုံးခဲ့ (ရုပ်/သံ)

မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးနဲ့ မင်းလှမြို့နယ် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမပေါ်က ကန်တုပ်စခန်းအနီးဝန်းကျင်မှာ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့  စစ်ကောင်စီတပ်တို့ ကာလရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် “No Vote” လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်က လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ "No Vote" လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင် မီးလောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်မှု ၂ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။