တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီရဲ့ခမရ ၄၀၅ တပ်ရင်းနဲ့ အစိုးရရုံးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ အရာခံဗိုလ်နဲ့ တပ်ကြပ်တို့သေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ယောက်နဲ့အထက် ရှိခဲ့တယ်လို့ Sky Ghost Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၅ရက်၊ မနက်အစောပိုင်းက တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ အကြမ်းဖက်အစိုးရအဖွဲ့ရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ညနေပိုင်းမှာလည်း တနင်္သာရီတိုင်း ရင်းနှီးမြုပ်နှံမှူနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးကို ထပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၇ရက်မှာလည်း သရက်ချောင်းမြို့နယ်ထဲက ခမရ ၄၀၅ တပ်ရင်းကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ အရာရှိနဲ့ တပ်ကြပ်တို့ သေဆုံးကာ ကျန်တဲ့တပ်သားတွေလည်း ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

Sky Ghost Drone Force အဖွဲ့ဟာ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့တွေနဲ့အတူ အခုနှစ် အောက်တိုဘာလအတွင်း ထားဝယ်ခရိုင်ထဲက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ စတဲ့မြို့နယ်လေးခုမှာ စစ်ကောင်စီယန္တရားလည်ပတ်ရာ အဆောက်အအုံတွေနဲ့ ကျောထောက်နောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို စစ်ရေးပစ်မှတ်အဖြစ် အဓိကထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

AA လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်

ရခိုင်ပြည်နယ်မှာ မြို့ရွာတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ အာရက္ခတပ်တော် AA ကို လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့  အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုပြောကြားလိုက်ပါတယ် ။ 
Read More

အင်းတော်မြို့ကို KIA ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲအဖြစ် ပြန်လည်ထိုးစစ်ဆင်နေ 

စစ်ကိုင်းနဲ့ ကချင် အစပ်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အင်းတော်မြို့ကို မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မြောက်ဥက္ကလာပ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်၊ ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့ပေါ် တရားမဝင် ရွေးကောက်ပွဲအတွက် သရုပ်ပြနေချိန် အသံမိုင်း ဖောက်ခွဲ သတိပေးခဲ့

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ တရားမဝင် (အတုအယောင်) ရွေးကောက်ပွဲအတွက် သရုပ်ပြပွဲပြုလုပ်နေချိန် အသံမိုင်းတစ်လုံး ဖောက်ခွဲ သတိပေးခဲ့တယ်လို့ စလင်းမြို့နယ်မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် KIA၊ KPDF ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား၊ အပြန်အလှန် ပစ်ခတ်မှုအတွင်း သံဃာတစ်ပါးအပါ ၄ ဦး ထိမှန်ဒဏ်ရာရ…

“မနေ့ကလည်း တောက်လျှောက်ဖြစ်နေတာ ၊ ဒီမနက်မှာလည်း ထပ်ဖြစ်တယ်။ မှော်တောင်းကျေးရွာမှာရှိတဲ့ ဂိတ်ကို သူတို့က စစ်ကြောင်းထိုးတယ် ၊ အဲ့မှာ တိုက်ပွဲပြင်းထန်ပြီးတော့ ဂိတ်ကလည်း ဆုတ်ပေးလိုက်ရတယ်။တိုက်ပွဲအပြန်အလှန်ပစ်ခတ်ချိန်မှာ လက်နက်ကြီးကျတော့ အဲ့မှာ ကလေးတွေ ထိတယ်။ သံဃာတော် တစ်ပါးလည်း ထိတယ် ” လို့ ဖားကန့်နယ်ခံတစ်ယောက်က ပြောပါတယ်။