မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH  က သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 

မကဒတမှ ခေါင်းဆောင်ကြီးများ၊ ရဲဘော်များအားလုံးနဲ့အတူ တိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကာ မျှော်လင့်တောင့်တနေကြသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အမြန်ဆုံးရောက်ရှိပါစေလို့လည်း သဝဏ်လွှာထဲမှာဖော်ပြထားပါတယ်။

ဒါအပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်များကို တိုက်ထုတ်ရင်း ကျဆုံးခဲ့ကြရသော မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) မှအာဇာနည်သူရဲကောင်းရဲဘော်အပေါင်းကိုလည်းသဝဏ်လွှာကနေဦးညွှတ်အလေးပြုတယ်လို့လည်းဆိုပါတယ်။

နွေဦးတော်လှန်ရေးအောင်ပွဲ နီးကပ်လာတာနဲ့အမျှ သပ်လျှိုသွေးခွဲမှုများလည်း များစွာ ကြုံတွေ့လာမှာ ဖြစ်တာကြောင့် စိန်ခေါ်မှုအခက်အခဲများကို စုစည်းညီညွတ်မှု အင်အားဖြင့် တွန်းလှန်ကျော်ဖြတ်ကျမယ်လို့လည်း ဖော်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တန်းတူညီမျှခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး နိုင်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝပေးနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုတယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ရွှေဘိုပကဖ ရဲ့ ၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ (ဓာတ်ပုံသတင်း)

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဟာ နွေဦးတော်လှန်ရေးအတွင်း (၄)ကြိမ်မြောက်အဖြစ် သက်ကြီးပူဇော်ပွဲ ပြုလုပ်ကာ ​ကုသိုလ်ယူခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ပြည်ပအလုပ်အကိုင် ရှာပေးမည်ဟု စစ်ကော်မရှင် ပြော

စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
Read More

ကျားဖြန့်ပြဿနာ၏ အဓိက တရားခံ အာဏာသိမ်းစစ်တပ်က ငွေလိမ်ဂိုဏ်းများကို အယောင်ပြ ဖြိုခွင်း သက်သေဖျောက်ဖျက်ကာ နေရာရွှေ့ပြောင်းပေးနေဟု NUG ပြော

ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကပါ အရေးယူမှုတွေ ပြုလုပ်လာချိန်မှာ အကြမ်းဖက် မြန်မာစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွေကုက္ကိုလ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို အယောင်ပြ နှိမ်နင်းမှုတွေ လုပ်ဆောင်လာနေပါတယ်။ ဒါပေမယ့် တကယ်တမ်း ငွေလိမ်ဂိုဏ်း ပြဿနာတွေရဲ့ အဓိက တရားခံဟာ အာဏာသိမ်းစစ်တပ် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောကြားလိုက်ပါတယ်။
Read More

စစ်အုပ်ချုပ်ရေးယန္တရားရှိရာ တောင်ဒဂုံမြို့နယ် တရားရုံးကို အဝေးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က စစ်အုပ်စုလက်အောက်ခံ တရားရုံးကို (ဇွန်လ ၇ရက်) မနေ့ညပိုင်းမှာ အဝေးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားများ ပြည်သူလူထုကို ကျန်းမာ‌ရေးစောင့်ရှောက်မှုပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားတွေဟာ ပြည်သူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသူတွေ တွေ့ဆုံပွဲကို NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်ခဲ့

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) မှာ ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။