လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတော့ တောထဲက ရဲဘော်တွေအနေနဲ့ အိမ်ပြန်ဖို့ဆိုတာ အိမ်မက်တခုပါပဲဒါပေမယ့် အခုဆိုရင်တော့ ခုခံတွန်းလှန်စစ်အဆင့်ထိ ရောက်လာတဲ့အချိန်မှာ အိမ်မက်တွေ အလှမ်းမဝေးတော့ပါဘူး။

တချို့သော ရဲဘော်တွေ ကိုယ့်အိမ်ကို ပြန်ဝင်နိုင်ခဲ့ပြီ။ တချို့သော ရဲဘော်တွေ အိမ်ထမင်းဟင်း ပြန်စားနိုင်ခဲ့ပါပြီ။

စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့ ရဲဘော်တွေအားလုံး အိမ်ပြန်နိုင်ဖို့ ၁၂/တောင်ပိုင်းသို့အပြန် ကမ်ပိန်းမှာ ဝင်ရောက်ကူညီအားဖြည့်ပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

နွားခြံကုန်းနဲ့ အင်းကြီးရွာကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့မှ နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိပြီး အများအပြားသေဆုံးခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့လယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားသူများ လွတ်မြောက်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

မန္တလေးမြို့လယ်တစ်နေရာမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းချခံထားရသူတွေ လွတ်မြောက်စေရေး လူထုသပိတ်ပြု လုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် အထိနာကာ ကျေးရွာများကို ဝင်ရောက်မီးရှို့ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်က မဲဇလီရဲစခန်းနဲ့ မင်းဘူးမြို့နယ်က လက်ပတောစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် CDM ဆရာမ သေဆုံး၊ (၄)နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ယောက်သေဆုံးခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army ထံက သိရပါတယ်။